"မဖြစ်ဘူး ပိုရှုပ်ကုန်မယ် မောင့်ရဲ့အရင်အိမ်ကိုသွားရအောင်~"

"Ok~"

ကိုယ်ပိုင်ကားဆိုရင် ဘိုးတော်ခြေရာခံမှာစိုးလို့
သူများကားတွေကိုဘဲ ခိုးယူစီးနှင်းတဲ့ဂျောင်ကုက
အခုလဲသူများကားနဲ့ဘဲ အိုဟောင်းနေတဲ့kimအိမ်တော်ကြီးဆီသို့~

"အိမ်အပြင်ကသိပ်မပျက်စီးဘေမဲ့ အထဲကတော်တော်ပျက်စီးသွားတာဘဲ~"

"အွန်း မီးလောင်တာဆိုတော့~"

"ထားပါ အပေါ်ထပ်သွားရအောင် မောင့်ဒဏ်ရာကို
အရင်စစ်ဆေးရအောင်~"

အိမ်အတွင်းပိုင်းမှာက ပြာမဲတွေနဲ့ဖုန်တွေချည်းဘဲမို့
အပေါ်ထပ်တက် အရင်ကထယ်ယောင်းရဲ့အခန်းထဲဝင်ရာ
အခန်းထဲမှာအသုံးအဆောင်ပစ္စည်းဘာမှမရှိ
သံကြိုးတစ်ခုနဲ့ ဖုန်တွေချည်းသာ~

"ဖုန်တွေချည်းဘဲကိုကို~"

"နောက်မှရှင်းလိုက်မယ် မောင့်လက်မောင်းထဲက
ကျည်ကိုအရင်ထုတ်ရအောင်~"

"အွန်း~"

ဂျောင်ကုက သူ့ကျောပိုးအိတ်ထဲကဘူးလေးတစ်ဘူးထုတ်လာကာ ဘူးထဲကခွဲစိတ်ခန်းသုံးဓားတွေညှပ်တွေနဲ့
သူ့လက်မောင်းထဲကကျည်ကိုထုတ်ပေးတာကြောင့်
ထယ်ယောင်းမှာငေးကြည့်လျှက်~

"ဒါတွေလဲလုပ်တတ်တာဘဲလားကိုကို~"

"ကိုကိုလဲအန္တာရယ်ကင်းနေတာမှမဟုတ်တာမောင်ရယ်
လေ့လာထားရတာပေါ့~"

"အာ့~"

"Sorryမောင် အရမ်းနာသွားလား~"

"ရတယ်ကိုကို မြန်မြန်သာထုတ်ပစ်လိုက်~"

ကျည်ကိုလဲအစိမ်းလိုက်ထုတ် ပြန်ချုပ်တော့လဲ
အစိမ်းလိုက်ချုပ်ဆိုတော့ ထယ်ယောင်းအရမ်းနာဘေမဲ့
သည်းခံကာ ဂျောင်ကုပေးတဲ့အကိုက်အခဲပျောက်ဆေးကိုသာသောက်ထားလိုက်ရတယ်။

"မောင် ခနလောက်အပြင်ထွက်နေလိုက်~"

"ဘာလုပ်မလို့လဲ~"

"အခန်းသန့်ရှင်းရေးလုပ်မလို့~"

"ကိုကိုပင်ပန်းမှာပေါ့ မလုပ်ပါနဲ့~"

"မပင်ပန်းပါဘူး~"

"အဲ့တာဆိုမောင်လဲလုပ်ကူမယ်လေ~"

~~Lucky~~{Complete}Onde histórias criam vida. Descubra agora