မတားပါဘူးဆိုတဲ့ထယ်ယောင်းက သူ့လည်ပင်းသူ
အသီးခွဲတဲ့ဓားနဲ့ထောက်တားတာမို့
ဂျောင်ကုဘယ်လိုစိတ်နဲ့သွားရမှာလဲ~
"မောင် မလုပ်ပါနဲ့ ဓားကိုအောက်ချလိုက်ပါ~"
"သွားစရာရှိတာကိုသွားလေ အရေးကြီးနေတယ်မဟုတ်လား~"
"မလုပ်ပါနဲ့မောင်ရယ် ကိုကိုတောင်းပန်ပါတယ်
ကိုကိုမသွားတော့ဘူးနော်~"
"အာ့!"
"မောင်!"
ရုတ်တရက် ဓားကိုင်ထားတဲ့လက်မောင်းကို
ကျည်ထိမှန်သွားတာမို့ဂျောင်ကုထိတ်လန့်စွာ
ထယ်ယောင်းကိုဆွဲရင်းsofaကိုတွန်းလှန်လိုက်ကာ
အကာအကွယ်ယူထားလိုက်တယ်။
"မောင် လက်က.......
"အဲ့တာဘယ်သူလဲ ဟိုဘိုးတော်ဘဲမဟုတ်လား~"
"ဟုတ်တယ် အခုမှတော့မထူးတော့ဘူး~"
ပြောပြီးတာနဲ့ဂျောင်ကုက sofaအောက်က
sniperကိုယူကာ ခနကကျည်လာရာဘက်
ကြည့်လိုက်တော့သူတို့ကိုsniperနဲ့ကြည့်နေသူရှိတာကြောင့် ချက်ချင်းပစ်လိုက်လေရဲ့~
"မှန်သွားလားကိုကို~"
"ကိုကိုက သေနတ်ပစ်တာဘယ်တုန်းကမှမလွဲဖူးဘူး~"
*ဖောက်!*
"အား..တစ်ဘက်တည်းမဟုတ်ဘူး~"
*ဖောက်...ခွမ်း!*
ဆန့်ကျင်ဘက်အရပ်ကနေဝင်လာတဲ့ကျည်က
သူတို့နှစ်ယောက်ကြားsofaကိုလာမှန်တာကြောင့်
နှစ်ယောက်သားလန့်သွားချိန် တစ်ခြားဘက်ကတွေပါပစ်ခတ်လာလို့ အတူထွက်ပြေးရပြီ~
"ကိုကိုသတိထား~"
*ခွမ်း!*
"ခနလေးမောင် ဒါကိုယူမှဖြစ်မယ်~"
"မြန်မြန်သွားကြစို့ ကျည်ကစိပ်လာပြီ~"
ဂျောင်ကုကအရေးပေါ်အခြေနေနဲ့ကြုံလာရင်
အဆင်သင့်ယူသွားဖို့ကျောပိုးအိတ်တစ်လုံးထဲ
မှတ်ပုံတင် ပိုက်ဆံနဲ့ တစ်ခြားအရေးကြီးစာရွက်စာတမ်းတွေထည့်ထားတာမို့ အဲ့တာကိုပါယူသွားရတယ်။
"အခုဘယ်ကိုသွားမှာလဲကိုကို~"
"hotelတစ်ခုခုကိုပေါ့~"
YOU ARE READING
~~Lucky~~{Complete}
Fanfictionဤficသညျ စာရေးသူ၏ စိတျကူးသကျသကျသာဖွဈသညျ🙃 ဤficသည် စာရေးသူ၏ စိတ်ကူးသက်သက်သာဖြစ်သည်🙃
