"ဒါလဲမောင်နဲ့လိုက်တယ် အကုန်ယူမယ်~"
"တော်ပြီလေကိုကို အရမ်းများနေပြီ~"
"မများပါဘူး~"
ထယ်ယောင်းအတွက်အဝတ်စား ဖုန်း ဖိနပ် နာရီ
အသုံးအဆောင်ပစ္စည်းတွေအကုန်ဝယ်ပေးပြီး
ပြန်မယ်လုပ်ခါမှbeauty salonကိုတွေ့တဲ့ဂျောင်ကု~
*သူ့ရဲ့ကြော်ငြာဆိုင်းဘုတ်မှာ အသားမည်းရာကနေဖြူသွားတာကိုပြထားတယ်~*
"ကိုကိုဝင်ချင်ရင်ဝင်လေ မောင်စောင့်ပေးမယ်~"
"အဲ့တာဆိုဝင်လိုက်မယ်နော်မောင်~"
"ဝင်ပါကိုကိုရဲ့~"
ဆိုင်ထဲဝင်လိုက်တာနဲ့ ဝန်ထမ်းကောင်မလေးတွေရဲ့
ဘာလုပ်မှာလဲ ဟိုဟာလုပ်မှာလား ဒီဟာလုပ်မှာလားဆိုပြီး
စုံနေအောင်မေးလာတော့ အကုန်လုပ်မယ်လို့ဖြေမိတဲ့ဂျောင်ကု
ခေါင်းအစခြေအဆုံးဂျေးချွတ်ပေါင်းတင်ခံရရုံမက
အမွေးပါနှုတ်ခံရလို့ငိုချင်သွားတာအမှန်~
"ဗိုက်ဆာနေပြီလားကိုကို မောင်ဘာဝယ်ပေးရမလဲ~"
"မောင်ဘယ်မှမသွားနဲ့ ကိုကိုပြီးမှအတူတူသွားရအောင်~"
"ကျွန်မတို့ဆိုင်ဝန်ထမ်းတွေက အဲ့အတွက်လဲဝန်ဆောင်မှုပေးပါတယ် စားချင်တာကိုပြောပါ သွားဝယ်ပေးပါ့မယ်~"
"အဲ့တာဆိုရင် ဟင်းငါးမျိုးပါတဲ့ထမင်းဘူးဝယ်ပေးပါ
မောင်ရော ဘာစားမလဲ~"
"မောင်ကမဆာဘူး~"
"သေချာလို့လား~"
"သေချာတာပေါ့~"
ထို့နောက်မှာတော့ဂျောင်ကုအတွက်ထမင်းဝယ်လာရာ
လက်သည်းတွေကိုဆေးစိမ်နေလို့ ထယ်ယောင်းကဘဲ
ခွံ့ကျွေးပေးရတယ်။
"မောင့်ကိုအားနာလိုက်တာ~"
"မလိုပါဘူးကိုကိုကလဲ ချစ်သူတွေဘဲကို~"
"ဟိဟိ~"
beauty salonဝင်ပြီးနောက်
ဆိုင်ကညွှန်းလိုက်တဲ့skin careတွေ
အသားဖြူlotionတွေဝယ်တဲ့ဂျောင်ကုက တစ်ခါမှဒါမျိုးတွေမလုပ်ဖူးမဝယ်ဖူး~
"အား...ပင်ပန်းလိုက်တာ အရင်နားရအောင်မောင်
ပြီးမှပစ္စည်းတွေနေရာချမယ်~"
YOU ARE READING
~~Lucky~~{Complete}
Fanfictionဤficသညျ စာရေးသူ၏ စိတျကူးသကျသကျသာဖွဈသညျ🙃 ဤficသည် စာရေးသူ၏ စိတ်ကူးသက်သက်သာဖြစ်သည်🙃
