''ထန်ရင်လဲ japanကောင်ကိုမသတ်ဘဲစားမယ့်ပုံဘဲ~"
ထောင်သားတွေဘယ်သူမှမကပ်ရဲတဲ့ထယ်ယောင်းအနားကို
ဂျောင်ကုကကပ်ရုံမက ဖက်ကာ
ထယ်ယောင်းအခန်းထဲလိုက်သွားသေးတာမို့ အားလုံးကအံ့သြစွာကြည့်လျှက်~
"ကိုကိုဘာလို့ထောင်ထဲရောက်လာတာလဲ~"
"ပြောရရင်အရှည်ကြီးဘဲမောင်ရယ်
ကိုကိုဘယ်ကနေစပြောရမှန်းတောင်မသိတော့ဘူး
မောင်ကရော ဘယ်လိုလုပ်ပြီးထောင်ထဲရောက်နေတာလဲ~"
"မောင် ကိုယ့်ဟာကိုယ်အပြစ်ပေးဖို့ ကိုယ့်စိတ်နဲ့ကိုယ်ဝင်လာတာ~"
ထယ်ယောင်းကသူတို့နှစ်ယောက်ကွဲသွားတဲ့အချိန်ကနေစပြီး
သူကြုံခဲ့ရသမျှကိုပြောပြတော့
မိဘတွေကိုဆုံးရှုံးကာ တက်လမ်းပျောက်သွားရတဲ့
သူ့ကောင်လေးကိုသနားမိတဲ့ဂျောင်ကု~
"မောင်းအပြစ်ပါ့မဟုတ်တာမောင်ရယ်~"
"မောင့်ကြောင့်ကိုကိုသေသွားရတယ်ထင်ပြီး
မောင်ကိုယ်တိုင်ထောင်ထဲဝင်လာတာ~"
"ကိုကိုလဲ သေဖို့လက်တစ်ကမ်းတောင်မလိုတော့တဲ့အချိန်
အရင်ကကိုကိုမုန့်ကျွေးဖူးတဲ့လမ်းဘေးကလေးနှစ်ယောက်ကယ်လို့ အသက်ရှင်ခဲ့ရတာ~"
ဂျောင်ကုလဲ သူကြုံခဲ့ရတာတွေကိုအကျဥ်းချုပ်ပြောပြရာ
ထယ်ယောင်းမှာ ဝမ်းနည်းလွန်းလို့
မျက်ရည်ကိုအပေါက်ပေါက်ကျလျှက်~
"ကိုကိုအခုလိုတွေဖြစ်သွားတာမောင့်ကြောင့်ပါ
မောင်အသုံးမကျလို့~"
"ကိုယ့်ကိုယ်ကိုယ်အပြစ်မတင်ပါနဲ့ အဲ့အချိန်တုန်းက
ကိုကိုကအသက်ကြီးဘေမဲ့ ဘာမှမသိဘူး
မောင်ကျတော့အကုန်သိဘေမဲ့ အသက်ငယ်သေးတော့မိဘတွေနဲ့မယှဥ်နိုင်ဘူးလေ~"
"အခု ကိုကိုဘာလို့ထောင်ထဲဝင်လာလဲသိလို့ရပြီလား~"
"ဝက်အိုကြီးကြောင့်ပေါ့ တစ်နေ့မဟုတ်တစ်နေ့သူက
ကိုကို့ကိုအန္တာရယ်ပြုလာနိုင်တယ် အဲ့တာကြောင့်
သတ်ရဲဖြတ်ရဲပြီးသေရမှာမကြောက်တဲ့လူသားလက်နက်လာရှာတာ~"
"ဟင်~"
"ဖြစ်ချင်တော့ဒီထောင်ရဲ့အကြမ်းဆုံးကောင်ကမောင်ဖြစ်နေတာတဲ့လေ မောင့်ကိုဘယ်လိုစိတ်နဲ့ကိုကိုက
လက်နက်အဖြစ်သုံးနိုင်တော့မှာလဲ~"
YOU ARE READING
~~Lucky~~{Complete}
Fanfictionဤficသညျ စာရေးသူ၏ စိတျကူးသကျသကျသာဖွဈသညျ🙃 ဤficသည် စာရေးသူ၏ စိတ်ကူးသက်သက်သာဖြစ်သည်🙃
