"ဟုတ်ကဲ့ပါသခင်မကြီး~"
သူ့အမိန့်နဲ့အားလုံးအပြင်ထွက်သွားကြချိန်
Mrs.kimကထထိုင်တော့ ဂျောင်ကုလဲ
ချက်ချင်းထကူပေးရတာပေါ့~
"အန်တီမင်းကိုမေးစရာရှိတယ်~"
"ဟုတ်ကဲ့မေးပါသခင်မကြီး~"
"စိတ်မဆိုးဘူးမို့ မေးသမျှအကုန်အမှန်တိုင်းဖြေပေးနော်~"
"ဟုတ်ကဲ့~"
"မင်း သားလေးထယ်ယောင်းကိုတကယ်ချစ်တာလား~"
"ဟုတ်ကဲ့ တကယ်ချစ်တာပါ~"
"စည်းစိမ်ကြောင့်ချစ်တာလား ရုပ်ရည်ကြောင့်လား~"
"နှစ်ခုလုံးမဟုတ်ပါဘူးသခင်မကြီး
ကျွန်တော်ယောင်းလေးကိုချစ်တာ အကြောင်းပြချက်မရှိပါဘူး ဒီတိုင်းယောင်းလေးဖြစ်နေလို့ချစ်တာပါ ယောင်းလေးဆီကအချစ်ကလွဲရင်ဘာမှမလိုချင်ပါဘူး~"
"ကောင်းပြီ ရော့ ဒါကိုယူထား~"
သူ့လက်ထဲချုံ့ကြိုးပါတဲ့ကတ္တီပါအနက်ရောင်အိတ်ကိုပေးလာတဲ့Mrs.kimကြောင့်ဂျောင်ကုဖွင့်ကြည့်ရာ
အထဲမှာစိန်လုံးအလွတ်တွေနဲ့ လက်ဝတ်ရတနာတွေမို့ဂျောင်ကုမျက်လုံးပြူးသွားရော~
"ပြန်ယူထားပါသခင်မကြီး ဒါတွေကိုကျွန်တော်လက်မခံနိုင်ပါဘူး~"
"လက်ခံပေးပါ ဒါတွေကိုယူပြီး ဒီအိမ်ကထွက်သွားတော့
ထယ်ယောင်းကိုပါခေါ်သွား~"
"ဗျာ??"
"ဟုတ်တယ် နှစ်ယောက်လုံးဒီအိမ်နဲ့ဝေးရာကိုထွက်သွားကြ
ပြီးရင်ကောင်းကောင်းမွန်မွန်လုပ်ကိုင်စားသောက်ပြီး
ချစ်ချစ်ခင်ခင်နေကြ~"
Mrs.kimက ဂျောင်ကုအချစ်ကစစ်မှန်လို့
သူ့သားနဲ့အတူထွက်သွားခဲ့ရင်လဲပျော်မှာဖြစ်သလို
ရတနာတွေနဲ့တစ်ယောက်တည်းထွက်ပြေးသွားလဲကျေနပ်နေမယ့်သူမျိုး~
*ဒီအကြောင်းမောင့်ကိုပြောပြရမယ်~*
"ဘာရပ်လုပ်နေတာလဲဂျောင်ကု အလုပ်လုပ်တော့လေ~"
"Na..Nae~"
လက်ထဲရောက်နေတဲ့ရတနာတွေကြောင့်မလုံမလဲဖြစ်နေတဲ့ဂျောင်ကုက ရတနာတွေကိုထယ်ယောင်းအခန်းထဲက
အံဆွဲထဲထည့်ထားလိုက်တယ်။
YOU ARE READING
~~Lucky~~{Complete}
Fanfictionဤficသညျ စာရေးသူ၏ စိတျကူးသကျသကျသာဖွဈသညျ🙃 ဤficသည် စာရေးသူ၏ စိတ်ကူးသက်သက်သာဖြစ်သည်🙃
