"ကိုကိုနာတာကိုရောမောင်ကကြည့်ရက်တယ်ထင်နေတာလား~"
"ကိုကိုတောင်းပန်ပါတယ်မောင် အဲ့လိုဖြစ်စေဖို့မရည်ရွယ်ပါဘူး~"
"ကိုကိုဗျာ~"
တစ်ယောက်နာကျင်တာကနှစ်ယောက်လုံးကိုထိရောက်တာမို့
ထယ်ယောင်းရောဂျောင်ကုပါမျက်ရည်တွေနဲ့~
"Oppa~သားကိုခေါ်ပြီး ဘာတွေပြောတာလဲ~"
"ဘာပြောရမှာလဲ ဆုံးမပြီး နည်းနည်းအပြစ်ပေးရုံပါ~"
"သားဆီကနေကြားလို့စဖြစ်တဲ့အကြောင်း
အကုန်သိပြီးပြီ ဘာလို့များသားမကြိုက်တာကိုသွားလုပ်ရတာလဲoppaရယ်~"
"အဲ့ကောင်က မိန်းမမကြိုက်ဘဲယောကျာ်းကိုကြိုက်နေလို့လေ
ယောကျာ်းတောင်အစေခံကိုမှ~"
"သူတို့ကသံယောဇဥ်ရှိနေကြပြီလေ
အတင်းကြီးမခွဲပါနဲ့တော့လား~"
"မရဘူး ခွဲရမယ် ဒါမျိုးကိုလုံးဝခွင့်မပြုနိုင်ဘူး~"
"Oppaရယ် တစ်ခါလောက်ဘဲဖြစ်ဖြစ်သားကိုအလျှော့ပေးလို့မရဘူးလား~"
"အချစ်လေးသိရဲ့လား သူကအခုမှ16နှစ်ဘဲရှိသေးတာကို
ကိုယ့်ကိုလာပြီးခြိမ်းခြောက်နေပြီ~"
သားအဖနှစ်ယောက်ကြားကတင်းမာမှုဟာ
ဘယ်တော့မှပြေလျော့တော့မှာမဟုတ်ဘူးဆိုတာကိုသိနေတဲ့Mrs.kimဟာ လုံးဝစိတ်မချမ်းမြေ့နိုင်~
"ကိုကို အစာစားဦးနော် ပြီးရင်ဆေးသောက်ရမယ်~"
"မောင်ရော စားပြီးပြီလား~"
"စားပြီးပြီ ဒါကကိုကို့အတွက်ယူလာတာ~"
ညနေအချိန် ထမင်းဟင်းအစုံကိုသယ်လာတဲ့ထယ်ယောင်းက
သူ့ကိုစားစေတာမို့ ဂျောင်ကုလဲသူစားနိုင်သလောက်စားကာ
ထယ်ယောင်းပေးတဲ့ဆေးတွေကိုသောက်ရတယ်။
"ကိုကို့အတွက်နဲ့မောင်လဲပင်ပန်းရပြီ~"
"မောင့်ကြောင့်နဲ့ကိုကိုနာကျင်ရတာကရော~"
"အဲ့တာကိုထပ်မပြောကြရအောင်လားမောင်ရယ်~"
"မပြောစေချင်ရင်ကိုကိုကအစမဖော်နဲ့လေ~"
"အင်းပါ~ကိုကိုသွားတော့မယ်လေ အိမ်အကူဆောင်မှာသွားနားတော့မယ်~"
YOU ARE READING
~~Lucky~~{Complete}
Fanfictionဤficသညျ စာရေးသူ၏ စိတျကူးသကျသကျသာဖွဈသညျ🙃 ဤficသည် စာရေးသူ၏ စိတ်ကူးသက်သက်သာဖြစ်သည်🙃
