"မယူပါဘူးမောင်ရယ် အချိန်မှီမောင်ရောက်လာတာဘဲကို~"
"ကိုကို့ကိုမောင်စိတ်မချတော့ဘူးကွာ အခန်းထဲသာပိတ်လှောင်ထားလိုက်ချင်တယ်~"
သူ့ကိုတင်းတင်းကျပ်ကျပ်ဖက်ကာပြောလာတဲ့ထယ်ယောင်းကြောင့် ဂျောင်ကုလဲပြုံးရင်း
ပြန်ဖက်လိုက်ကာ ကျောပြင်ကျယ်ကျယ်ကိုပွတ်ပေးလိုက်လေရဲ့~
"မောင့်သဘောပါ မောင်ကပိတ်လှောင်ထားရင်လဲ
ကိုကိုနေရမှာပေါ့~"
"မောင်တကယ်ပြောနေတာနော်ကိုကို~"
"ဟဟ...ကိုကိုဆင်ခြင်ပါ့မယ်မောင်
မောင်စိတ်မပျော်တာမြင်ရတာအဆင်မပြေဘူး~"
"ဘာလို့ကိုကိုကအရမ်းလှနေတာလဲ
အခုအရမ်းလှနေတော့ မောင်ကနတ်သမီးကိုစောင့်ရှောက်တဲ့ဘီလူးနဲ့တူနေပြီ~"
"ဟဟ ပေါက်ပေါက်ရှာရှာမောင်ရယ်
အရှေ့ကိုသွားတော့လေ သခင်ကြီးတို့ရှာနေမယ်~"
"မသွားချင်တော့ဘူး Appaက
မိန်းကလေးတွေနဲ့ဘဲမိတ်ဆက်ပေးနေတာ~"
"သွားပါမောင်ရယ် မွေးနေ့ပွဲမှာ မွေးနေ့ရှင်ပျောက်နေလို့ဘယ်ဖြစ်မလဲ~"
"ဟူးးး~"
"မောင်ကလိမ္မာပါတယ်..မွ..အလိမ္မာတုံးလေးကိုချစ်လိုက်တာနော်~"
ဂျောင်ကုက ထယ်ယောင်းရဲ့ပါးနှစ်ဖက်ကို
သူ့ရဲ့လက်နှစ်ဖက်နဲ့ကိုင်ညစ်ကာ နှုတ်ခမ်းကို
တဖွဖွနမ်းရင်းချော့နေတော့ထယ်ယောင်းစိတ်ပျော့သွားပြီး
ဂျောင်ကုစကားနားထောင်တော့တာပေါ့~
*မောင်ကဘယ်လောက်တောင် ချစ်ဖို့ကောင်းလိုက်သလဲ~*
ကျေနပ်စွာပြုံးရင်း အလုပ်ပြန်လုပ်တဲ့ဂျောင်ကုက
ပွဲပြီးတဲ့အထိအလုပ်လုပ် ရေချိုးနဲ့
ညနေရောက်တော့လဲထယ်ယောင်းတို့မိသားစုက
ညစာအပြင်ထွက်စားတော့ထယ်ယောင်းကိုလွမ်းနေရောဘဲ~
*မောင့်ကိုလွမ်းလိုက်တာ မောင်ပြောတဲ့လွမ်းတယ်ဆိုတာ
အပိုမဟုတ်ဘူးဘဲ~*
"မအိပ်သေးဘူးလားဂျောင်ကု~"
"အင်း~မအိပ်သေးဘူး အိပ်နင့်ကြပါ~"
YOU ARE READING
~~Lucky~~{Complete}
Fanfictionဤficသညျ စာရေးသူ၏ စိတျကူးသကျသကျသာဖွဈသညျ🙃 ဤficသည် စာရေးသူ၏ စိတ်ကူးသက်သက်သာဖြစ်သည်🙃
