"ကဲပါ အပြင်ထွက်ကြရအောင်
ဧည့်သည်တွေကိုကြိုရမယ်လေ~"

"ဟုတ်ကဲ့Omma သွားကြမယ်~"

ထယ်ယောင်းတို့မိသားစုလဲ အိမ်ပြင်ထွက်သွားကြပြီမို့
ဂျောင်ကုတို့အိမ်အကူတွေဟာလဲ ကိုယ့်အလုပ်သူ့အလုပ်လုပ်ကြရာ လာတဲ့ဧည့်သည်ကမများဘေမဲ့ လုပ်ရတဲ့အလုပ်ကပုံနေရောဘဲ~

"ဂျောင်ကု အဲ့စားပွဲပေါ်က စားစရာတွေကစားပြီးသားတွေမို့
အသစ်လဲလိုက်တော့~"

"ဟင်?~အရာတောင်မယွင်းတဲ့စားစရာတွေကို
အသစ်လဲရမှာလား~"

"ဒီလောက်လှတဲ့အစေခံမျိုးမတွေ့ဖူးသေးဘူး
နာမည်ဘယ်လိုခေါ်သလဲ~"

ဧည့်သည်တွေထဲက အသက်နှစ်ဆယ်ကျော်အရွယ်ကောင်လေးတစ်ယောက်ရဲ့စကားကိုဂျောင်ကုကကြားဘေမဲ့
မကြားဟန်ဆောင်ပြီးလှည့်ထွက်ဖို့အလုပ်
ရှေ့တည့်တည့်ပိတ်ရပ်လာလေရဲ့~

"ဘာလို့မကြားဟန်ဆောင်နေတာလဲ~"

"ဧည့်သည်တွေနဲ့စကားပြောဖို့ခွင့်မပြုထားလို့ပါ~"

"ဟာ..ယောကျာ်းလေးလား ကိုယ်ကမိန်းကလေးထင်နေတာ ဝါး ပိုလို့အံ့သြသွားပြီ ယောကျာ်းလေးတစ်ယောက်က
ဒီလောက်ထိလှနိုင်တာလား~"

"အလုပ်လုပ်ရဦးမှာမို့ ခွင့်ပြုပါဦး~"

"နေပါဦးအလှလေးရဲ့ အတွေ့အကြုံရှိပြီးသားဘဲကို
ကိုယ်နဲ့လဲပျော်ပါးကြရအောင်လေ မင်းကြိုက်မှာပါ~"

"ဘာအကြောင်းပြောနေမှန်းတကယ်မသိပါဘူး~"

"ရိုးသားချင်ယောင်ဆောင်မနေပါနဲ့ ဒီနီညိုရောင်အကွက်တွေကခြင်းကိုက်ထားတာမှမဟုတ်တာ~"

ဧည့်သည်ကောင်လေးက သူ့ကိုထွက်သွားခွင့်မပေးတဲ့အပြင်
သူ့ရဲ့ဂုတ်ကိုလာကိုင်တာမို့ဂျောင်ကုကြောက်လာကာ
နောက်ဆုတ်လိုက်ဘေမဲ့လဲ နောက်မှာက စားပွဲမို့
ထွက်လမ်းမရှိ~

"သွား..သွားခွင့်ပြုပါ~"

"ကြောက်နေတာလား မကြောက်ပါနဲ့ကွာ
ကိုယ်ကမကြမ်းတမ်းပါဘူး~"

"ခဗျားဘာလုပ်တာလဲ!"

ဂျောင်ကုဒုက္ခရောက်နေချိန်မှာရောက်ရှိလာတဲ့ထယ်ယောင်းကဧည့်သည်ကောင်လေးကို ဆွဲထိုးဖို့လုပ်တာကြောင့်
Mr.kimတို့မျက်နှာမပျက်စေရန် ဂျောင်ကုအမြန်ဆွဲတားရတယ်။

~~Lucky~~{Complete}Donde viven las historias. Descúbrelo ahora