"အင်း~"
ဒီတစ်ကြိမ်မှာလဲMr.kimက အိမ်စေအလောင်းကို
တိတ်တဆိတ်ဖြေရှင်းကာ ထယ်ယောင်းကိုအပြစ်မပြောဘေမဲ့ထယ်ယောင်းရဲ့ဒေါသအရင်းအမြစ်ဖြစ်တဲ့ဂျောင်ကုကိုတော့
အာရုံစိုက်မိနေတာအမှန်~
"ကိုကိုဒီမှာ ဒီနေ့သင်ခဲ့တဲ့စာတွေ~"
"ဟုတ်လား ကိုကိုကြည့်မယ်နော်~"
"ကြည့်လေ နားမလည်တာတွေ့ရင်မေးလို့ရတယ်~"
"ဟုတ်ပါပြီ~"
ဂျောင်ကုက အတန်းပညာကိုကောင်းကောင်းမသင်ခဲ့ရတာမို့ထယ်ယောင်းညဘက်စာလုပ်တိုင်း တစ်နေ့သာသင်ခဲ့တဲ့စာကို
သူပါလိုက်ကြည့်လိုက်မှတ်လိုက်ကျက်တော့ စာနဲ့မဝေးသွား~
"ဝှါးး..အိပ်ချင်လိုက်တာ~"
"အိပ်တော့လေယောင်းလေး ကိုကိုလဲစာကြည့်လို့ပြီးပြီ~"
"အွန်း ကိုကိုလဲလာအိပ်~"
"လာပါပြီ~"
ထယ်ယောင်းရဲ့အိပ်ယာပေါ်တက်သွားတဲ့ဂျောင်ကုက
ထယ်ယောင်းကိုသူ့ရင်ခွင်ထဲအိပ်စေပြီး
ကျောလေးကိုအသာပုတ်ပေးကာ ထယ်ယောင်းအိပ်ပျော်သွားမှ သူကအိပ်ယာပေါ်ကထ စာအုပ်တွေသိမ်းပြီး
အောက်ထပ်ဆင်းရတယ်။
"သားလေးအိပ်သွားပြီလားဂျောင်ကု~"
"ဟုတ်ကဲ့ အခုတင်လေးအိပ်သွားတာပါသခင်မကြီး~"
"ဂျောင်ကုလဲပင်ပန်းနေတော့မယ် အိမ်အလုပ်လဲလုပ်ရ
သားလေးကိုလဲအဖော်ပြုပေးရနဲ့~"
"မပင်ပန်းပါသခင်မကြီးရဲ့ ကျွန်တော်အဆင်ပြေပါတယ်~"
တကယ်လဲဂျောင်ကုက ထယ်ယောင်းအနားမှာနေရင်
လုံးဝမပင်ပန်း~ဘာလို့ဆိုထယ်ယောင်းက
သူ့ကိုဘာအလုပ်မှမလုပ်ခိုင်းဘူးလေ~
👉🌟👈💬💬
...........................................................
Thank you for reading🙏
#Zawgyi#
မိခင်ဖြစ်သူနဲ့ တူတူပုန်းတမ်းကစားနေတဲ့ထယ်ယောင်းလေးက ဂျောင်ကုစကပ်အောက်ကထွက်လာပြီးနောက်
အခန်းတစ်ခုထဲဝင်ပုန်းရာ ခနအကြာ
အမေဖြစ်သူ ရောက်မလာဘဲ
ဂျောင်ကုနဲ့လူတစ်ယောက်ရောက်လာလေရဲ့~
YOU ARE READING
~~Lucky~~{Complete}
Fanfictionဤficသညျ စာရေးသူ၏ စိတျကူးသကျသကျသာဖွဈသညျ🙃 ဤficသည် စာရေးသူ၏ စိတ်ကူးသက်သက်သာဖြစ်သည်🙃
