"ဒီကောင်ကို ကြိမ်ဒဏ်အချက်ငါးဆယ်ပေးလိုက်~"

"ဗျာ??"

"ငါကထပ်ပြောရဦးမှာလား!"

"တောင်း...တောင်းပန်ပါတယ်~"

"ဘာတွေဖြစ်နေကြတာလဲ ဆူညံနေတာဘဲ~"

အပြင်ကဆူညံသံတွေကြောင့်toiletထဲကထွက်လာတဲ့Mrs.kimဟာ အကြောင်းစုံကိုသိသွားဘေမဲ့
တားခွင့်မရှိတော့ စိတ်မကောင်းရုံမှအပ~

"တောင်းပန်ပါတယ် အန်တီကြောင့်ဖြစ်ရတာပါ
အများကြီးနာနေမှာဘဲ~"

"ခနကအထိနာတယ် ဒါဘေမဲ့အခုတော့
ယောင်းလေးမျက်နှာကိုမြင်လိုက်ရလို့မနာတော့ဘူး~"

"ထယ်ယောင်းလေးကိုအရမ်းချစ်တာဘဲလား~"

"အများကြီးချစ်တယ် ယောင်းလေးကချစ်စရာလေး~"

အိပ်ပျော်နေတဲ့ထယ်ယောင်းလေးကိုကြည့်ရင်းပြုံးနေတဲ့ဂျောင်ကုကိုMrs.kimက သနားစွာကြည့်ရင်း
ခြေတံလုံးပေါ်က အညိုမဲဒဏ်ရာတွေကိုဆေးလိမ်းပေးလေရဲ့~

"ဂျောင်ကု~သားရဲ့မိဘတွေကိုသတိမရဘူးလား~"

"အမေ့ကိုသတိရတယ် အမေကအများကြီးပင်ပန်းနေရတာ
အခုလဲ ဘယ်လိုနေလဲမသိဘူး Appaရိုက်တာကိုတော့ခံရတော့မှာမဟုတ်ဘူး ပိုက်ဆံတွေရသွားပြီလေ~"

နာကျင်စရာတွေများနေတဲ့ကလေးကို
Mrs.kimမှာ ဘယ်လိုနင့်သိမ့်ပေးရမှန်းမသိတော့လို့
ခေါင်းလေးကိုသာပွတ်ပေးလိုက်တယ်။

"ယောင်းလေးက အရမ်းကံကောင်းတာဘဲ
ချမ်းသာတဲ့မိဘတွေရဲ့ကလေးလာဖြစ်တယ် ပြီးတော့
မိဘတွေကလဲချစ်ကြတယ်~"

"အခုကနေစပြီးယောင်းလေးနဲ့ချစ်ချစ်ခင်ခင်နေနော်
တစ်ယောက်ကိုယ်တစ်ယောက်ဖေမကူညီ တစ်နေ့မှာ
ကံကောင်းခြင်းတွေက သားတို့နှစ်ယောက်လုံးအပေါ်မျှတစွာကျရောက်လိမ့်မယ်~"

"ဟုတ်ကဲ့~"

Mrs.kimကဂျောင်ကုကို သူ့သားလေးနဲ့
အနီးကပ်နေစေပြီး ဂျောင်ကုကလဲထယ်ယောင်းလေးကို
အရမ်းချစ်တာမို့ ထယ်ယောင်းလေးကလဲဂျောင်ကုနဲ့ဆိုပျော်နေတော့တာ~

"မှားသွားပါတယ် ထပ်မဖြစ်စေရတော့ပါဘူး~"

"ကျယ်ကျယ်ပြော!"

~~Lucky~~{Complete}Hikayelerin yaşadığı yer. Şimdi keşfedin