"ယောင်းလေး ကိုကို့လက်ကိုလွတ်ပါဦး~"
"အဲ...အက်...အဲ~"
"ချစ်စရာလေးတွေ~"
စကားအတိုင်း ကလေးရတာနဲ့ ကလေးထိန်းတာဝန်ရသွားတဲ့ဂျောင်ကုက ကလေးအနားမှာဘဲနေရတာမို့
Mrs.kimလဲစိတ်ချမ်းသာရတာအမှန်~
"သားလေးက ကိုကို့ကိုအရမ်းသဘောကျတဲ့ပုံဘဲ~"
"ဟုတ်တယ်နော် ယောင်းလေးကသားရဲ့လက်ကိုဆွဲထားတာမလွတ်တော့ဘူး~"
"ကိုကိုကလှတော့ သဘောကျတာမဆန်းပါဘူး~"
"ယောင်းလေးက သခင်မကြီးလိုဘဲ
မျက်လုံးအစိမ်းရောင်လေးနဲ့~"
"ဟုတ်တယ်နော် ဒါဘေမဲ့ သားလေးမျက်လုံးက
အရောင်ပိုတောက်တယ်လို့မထင်ဘူးလား~"
"အရောင်တောက်မှာပေါ့ ယောင်းလေးကနတ်သားလေးဘဲလေ~"
"ဟုတ်တာပေါ့...ဟဟ~"
ဂျောင်ကုလေးက အရမ်းကိုမှကြင်နာတတ်သူမို့
လသားအရွယ်ထယ်ယောင်းလေးနဲ့စိတ်ချလက်ချထားနိုင်တဲ့Mrs.kimဟာ ဂျောင်ကုအတွက် အပြည့်အဝစိတ်မအေးနိုင်သေး~
"အူငဲ...အူအူငဲ~"
"ယောင်းလေး~ဘာလို့ငိုတာလဲ နို့ဆာလို့လား
သခင်မကြီးကအီးသွားပါတယ်~"
"ဟင့်...အူဝါး~"
"မငိုပါနဲ့ယောင်းလေးရယ် ယောင်းလေးရဲ့Ommaဆီသွားကြမယ်နော်~"
နို့ဆာလို့ငိုနေတဲ့ထယ်ယောင်းလေးကို
ဂျောင်ကုကပွေ့ပြီး toiletရှေ့သွားနေချိန်
ကလေးကသူ့လက်ညိုးကိုဖမ်းကိုင်ပြီး ပါးစပ်ထဲထည့်စုပ်ပါလေရော~
"သနားပါတယ် နို့အရမ်းဆာနေပြီဘဲ~"
"မင်းရဲ့ညစ်ပတ်တဲ့လက်ကို ငါ့သားပါးစပ်ထဲကထုတ်လိုက်စမ်း!"
"အာ့!..ဟင့်~"
"အူငဲ...အူငဲ..အူငဲ~"
ရုတ်တရက်ကြီးရောက်လာတဲ့Mr.kimက
ကလေးကိုဆွဲယူပြီး ဂျောင်ကုကိုကန်ထုတ်လိုက်ရာ
ဂျောင်ကုကလဲငို ကလေးကလဲငိုနဲ့
တစ်ခန်းလုံးဆူညံနေရော~
"တိတ်စမ်း နားငြီးတယ် အိမ်တော်ထိန်း အမြန်လာစမ်း!"
"ရောက်ပါပြီသခင်ကြီး~"
YOU ARE READING
~~Lucky~~{Complete}
Fanfictionဤficသညျ စာရေးသူ၏ စိတျကူးသကျသကျသာဖွဈသညျ🙃 ဤficသည် စာရေးသူ၏ စိတ်ကူးသက်သက်သာဖြစ်သည်🙃
