*ကလေးလေး~*
"အူငဲ...အူငဲ~"
"အစိမ်းရောင်မျက်လုံးလေးနဲ့နတ်သားလေး
နတ်သားလေးမွေးတယ်~"
ကလေးကအမေဖြစ်သူနဲ့ဆင်တူတဲ့
ကျောက်စိမ်းရောင်မျက်လုံးလေးနဲ့မို့
သူ့ရဲ့ဆုတောင်းပြည့်တယ်ဆိုပြီးပျော်နေတဲ့ဂျောင်ကုက
မီးဖွားခန်းထဲပြုံပျော်လို့~
"Kawaei~"(Japanသံပီသစွာဖြင့်~)
"အက်~"
"ချစ်စရာလေး...မွ~"
သူ့အနမ်းကြောင့် ကလေးကအငိုတိတ်သွားပြီး
သူ့ရဲ့လက်ညိုးကိုလက်သေးသေးလေးတွေနဲ့ဆုပ်ကိုင်ကာ
မျက်လုံးစိမ်းလေးတွေကအသံလာရာကိုရှာဖွေနေလို့
ဂျောင်ကုအသည်းယားလို့မဆုံး~
"ဟူးး..တော်သေးတယ် ကလေးရောအမေပါကျန်းမာလို့~"
"ကလေးချီလို့ရပါပြီသခင်ကြီး~"
"ပေး ငါ့ရဲ့သားလေး~ထယ်ယောင်း ကင်မ်ထယ်ယောင်း~"
အိမ်ထောင်သက်ကြာမှကလေးရတဲ့အပြင်
ရတဲ့ကလေးကယောကျာ်းလေးဖြစ်နေလို့
Mr.kimတစ်ယောက်ပျော်လို့မဆုံး~
"ယောင်းလေး ကိုကို့လက်ကိုလွတ်ပါဉီး~"
"အဲ...အက်...အဲ~"
"ချစ်စရာလေးတွေ~"
စကားအတိုင်း ကလေးရတာနဲ့ ကလေးထိန်းတာဝန်ရသွားတဲ့ဂျောင်ကုက ကလေးအနားမှာဘဲနေရတာမို့
Mrs.kimလဲစိတ်ချမ်းသာရတာအမှန်~
"သားလေးက ကိုကို့ကိုအရမ်းသဘောကျတဲ့ပုံဘဲ~"
"ဟုတ်တယ်နော် ယောင်းလေးကသားရဲ့လက်ကိုဆွဲထားတာမလွတ်တော့ဘူး~"
"ကိုကိုကလှတော့ သဘောကျတာမဆန်းပါဘူး~"
"ယောင်းလေးက သခင်မကြီးလိုဘဲ
မျက်လုံးအစိမ်းရောင်လေးနဲ့~"
"ဟုတ်တယ်နော် ဒါဘေမဲ့ သားလေးမျက်လုံးက
အရောင်ပိုတောက်တယ်လို့မထင်ဘူးလား~"
"အရောင်တောက်မှာပေါ့ ယောင်းလေးကနတ်သားလေးဘဲလေ~"
"ဟုတ်တာပေါ့...ဟဟ~"
ဂျောင်ကုလေးက အရမ်းကိုမှကြင်နာတတ်သူမို့
လသားအရွယ်ထယ်ယောင်းလေးနဲ့စိတ်ချလက်ချထားနိုင်တဲ့Mrs.kimဟာ ဂျောင်ကုအတွက် အပြည့်အဝစိတ်မအေးနိုင်သေး~
YOU ARE READING
~~Lucky~~{Complete}
Fanfictionဤficသညျ စာရေးသူ၏ စိတျကူးသကျသကျသာဖွဈသညျ🙃 ဤficသည် စာရေးသူ၏ စိတ်ကူးသက်သက်သာဖြစ်သည်🙃
