1.The Start

3.6K 236 3
                                    

လေအေးအေးက ခပ်ဖြေးဖြေးလေး ဖြတ်တိုက်သွားသည်။ ပတ်ဝန်းကျင်တစ်ခုလုံးက တိတ်ဆိတ်ငြိမ်သက်နေသလို Kyung Soo မှ လွဲ၍ ထိုနေရာတွင် ဘယ်သူမှ ရှိမနေ။ ဘေးပတ်ဝန်းကျင်ရဲ့ ငြိမ်သက်မှုကြောင့် Kyung Soo ရဲ့ ဝမ်းနည်းမှုတို့ကို ပို၍သာ တိုးနေသည်။..

"ကောင်းကောင်းသွားပါ Samcheon.."

Kyung Soo ရေရွတ်ရင်း လက်ထဲက ပြာမှူန့်တွေကို ရေထဲသို့ ဖြေးဖြေးချင်း လွှတ်ချလိုက်သည်။ ကျသွားတဲ့ ပြာမှူန့်တွေနဲ့အတူ Kyung Soo ပါးပြင်ပေါ်သို့ မျက်ရည်အချို့က လိမ့်ဆင်းကျလာသည်။

ဒါသူ့ဘဝအဆုံးသတ်ပဲလား..?
သူ့ဘေးမှာ ဘယ်သူမှမရှိတော့ဘူး..
ဘယ်သူဆိုဘယ်သူမှကိုမရှိတော့တာ..။

Kyung Soo မွေးမွေးပြီးချင်း နှစ်လလောက်အကြာ.. သူ နှစ်လ သားမှာပဲ သူ့အအဖေနဲ့အမေတို့ ဆုံးပါးသွားခဲ့ကြသည်။ ဒါကြောင့် သူ ငယ်ငယ်တည်းက အဖေ့ရဲ့ တစ်ဦးတည်းသော ညီလေးဖြစ်တဲ့ Samcheon ကပဲ သူ့ကို ကျွေးမွေးစောင့်ရှောက်ခဲ့သည်။

အခုတော့ မွေးကတည်းကနေ ခုချိန်ထိ ကျွေးမွေးပြုစု စောင့်ရှောက်လာတဲ့ ဦးလေးလည်း ခုသူ့ဘေးက ထွက်ခွာသွားပြီ။

Kyung Soo မျက်လုံးတွေကို ပိတ်လိုက်မိသည်။
အင်း.. ဒီအချိန်မှာ သူပြိုလဲမသွားချင်ရင် မျက်လုံးပိတ်ကာ သူ့စိတ်ကိုထိန်းချုပ်ထားဖို့ပဲ ရှိတော့သည်။

#Kyung Soo.. မင်းဖော်ထုတ်ရလိမ့်မယ်.. မင်းအကုန်လုံးကောင်းဖို့ အတွက် အဲ့မိန်းမကို သတ်ရမယ်..#

မျက်လုံးတွေ မှိတ်ထားရင်းမှ တဖြေးဖြေးကြားယောင်လာတဲ့ Samcheon ရဲ့စကားတွေ။
အမြဲတမ်း အေးအေးဆေးဆေးပဲ နေတတ်တဲ့ Samcheon တောင် သတ်ရမယ် လို့ပြောသွားတဲ့ အဲ့မိန်းမက ဘယ်သူလဲ။ Samcheon ရဲ့နောက်ဆုံးစကားတွေမှာတောင် အဲ့မိန်းမအကြောင်းပဲ ဖြစ်နေခဲ့တယ် ဆိုတာကတော့ ထူးဆန်းလွန်းပါသည်။

"ဘယ်သူလဲ ?"

Kyung Soo မျက်လုံးတွေကိုပြန်ဖွင့်လိုက်ရင်း ရေရွတ်လိုက်မိသည်။ ခေါင်းထဲမှာလည်း အတွေးပေါင်းစုံတို့က ရှူပ်ရှက်ခတ်လို့ နေသည်။

#Kyung Soo ah.. Samcheon မဝင်ဖို့ပြောထားတဲ့ အခန်းထဲက ဗီရိုထဲမှာ.. ဗီရိုထဲမှာ ရှိတဲ့စာအုပ်.. စာအုပ် ကိုမင်း ကြည့်..ကြည့်လိုက်။ မင်း ပြန်သွားရမယ်.. အဲ့မိန်းမ.. အဲ့မိန်းမ ကိုသတ်..ရမယ်။#

Time Travel Where stories live. Discover now