အပိုင်း(၃၈)

110 4 0
                                    

(Unicode)

"Baby ..??"
"ဪ ပြန်လာပြီလား ကိုကိုအိပ်နေပြီဗျ ခေါင်းမူးနေလို့တဲ့.."
"ဟုတ်လား လွမ်း တစ်ချိန်လုံး babyနဲ့ရှိနေတာလား"
"ဟုတ် ကိုကိုနဲ့တောင် ခဏက အသီးတွေ ခွဲစားနေသေးတယ် အိပ်ပျော်သွားတာမကြာသေးဘူး"
"ဪ ကောင်းပြီ ဒါဆို လွမ်းလည်းနားလိုက်ဦးလေ။စည်သူကော"
"ဦးက clubကို ပစ်ထားတာ ကြာပြီဆိုတော့ ဆိုင်ပြန်သွားပြီ ဟိုမှာပဲ နေတော့မယ်တဲ့"
"ဒါဆို လွမ်းရိပ်ကော"
"ဟုတ် ကျွန်တော်လဲ ဦးနဲ့ပဲ တူတူသွားနေတော့မယ် ..ဒါပေမယ့် နေ့ခင်းတွေဆို ကိုကိုနဲ့ လာနေပါ့မယ့် ညဖက်ပဲ clubပြန်အိပ်မယ်"
"ဪ ကျေးဇူးပါ ညီလွမ်းရိပ်ရာ မဟုတ်ရင် babyကို စိတ်ပူနေရမှာ "
"ဟုတ် ရပါတယ် "

မိုးမာန်နှင့်မိုးထက် အခန်းထဲဝင်ကြည့်တော့ တကယ်လဲ Kက နှစ်ခြိုက်စွာ အိပ်ပျော်နေပြီ။ပါးစပ်၌ သစ်သီးစလေးတောင် ကပ်နေသေးသည်။

"Babyကတော့လေ..."

ပါးစပ်ကို အဝတ်စိုလေးနှင့် သေချာသုတ်ပေးကာ စောင်ခြုံပေးပြီး သူတို့ညီကို ၂ယောက် မည်သို့ ရှေ့ဆက်လုပ်ကိုင်မည်ကို ဆွေးနွေးလိုက်သည် ။

*******************************

"ဘာ...ရဲတွေ ဖမ်းမိသွားတယ် ဟုတ်လား မင်းတို့ သောက်သုံးကို မကျဘူး ရဲတွေက ဘယ်လိုသိသွားရတာလဲ.. အခုချက်ချင်းစုံစမ်း."
Zမင်း မသိချင်ယောင်ဆောင်ကာ
"ဘာဖြစ်တာလဲ dad"
"အေးကွာ မနေ့က ကောင်တွေ ရဲတွေ အနံ့ခံလို့ရသွားတယ်တဲ့..တောက်!!! ဘယ်လိုဖြစ်ပြီးသတင်းရသွားကျလည်း မသိဘူး"
"မနေ့က dad တာဝန်ပေးလိုက်တဲ့ သူက တကယ်ကော ယုံရလို့လား dad သူက ရဲနဲ့ပေါင်းပြီး အဲပစ္စည်းတွေကို ဖျောင်လိုက်ရင်ကော.."

ဦးထွန်းမြတ် သူ့သားစကားကြောင့် တွေဝေသွားသည်။

"ဟုတ်တယ် ဖြစ်နိုင်တယ်.. ငါလူတွေကို ယုံမိတာ မှားတယ် ဘယ်သူ့မှ ယုံကြည်လို့မရဘူး တော်သေးတာပေါ့ သားရာ မင်းက ဒီအဖေနားမှာ ရှ်ိနေသေးလို့.."

"ဒါပေါ့ dadရာ သားတစ်ယောက်လုံး dad ဘေးမှာ ရှိပါတယ် စိတ်မပူပါနဲ့.."

"အင်း...မနက်ဖြန်အတွက် အဆင်သင့်ဖြစ်ပြီလား.."

"ဟုတ်ကဲ့ ....အားလုံးပြင်ထားပါပြီ သတင်းထောက်တွေကောပဲ ခေါ်ထားပြီးပြီ"

I Love Both Of You Two (Complete)Onde histórias criam vida. Descubra agora