အပိုင်း(၂၄)

113 7 0
                                    

(Unicode)

"🎵🎶🎶🎶🎵"
"Hello "
" ပစ္စည်း အဆင်သင့်ဖြစ်ပါပြီ"
"Ok အားလုံး အသင့်ပြင်ထား ဒီညစထွက်မယ်"

Zမင်း ဖုန်းချပြီး သူ့ဘေး၌ အိပ်ပျော်နေသော ခန့်ထည်ဝါကို တစ်ချက်ကြည့်လိုက်သည်။

ဖြူစင်လွန်းတယ် ခန့်လေး မင်းက ကိုယ့်လို လူယုတ်မာနဲ့ မလိုက်ဖက်ဘူး။ ကိုယ့်မှာ မင်းလို ကောင်လေးတစ်ယောက်ရှိဖူးတယ် ၊ မျက်လုံးပြာပြာနဲ့ ပြုံးလိုက်ရင် သိပ်လှတဲ့ ကောင်လေး။ အပြုံးကအစ ဖြူစင်လွန်းတဲ့သူ။ကိုယ် သူ့ကို....

Zမင်း ဆက်မ‌တွေးနိုင်တော့ကာ ခန့်လေးနဖူးကို တစ်ချက်နမ်းရှိုက်ကာ အခန်းပြင်ထွက်ရင် တံခါးဖွင့်လိုက်သည်။ အခုဆို သူခန့်ထည်ဝါတို့အိမ်မှာ သောင်တင်နေတာ နှစ်ပတ်ကျော်နေပြီ။ ဒီနေ့ dadခိုင်းထားတဲ့ အလုပ်နည်းနည်းရှိသဖြင့် လိုအပ်တာတွေ ပြင်ဆင်ရဦးမည်။

" သွားတော့မှာလား"
"ကိုယ့်ကြောင့် နှိုးသွားတာလား sorry ။ခဏ‌ေနကြရင် တံခါးသေချာပိတ် အရင်လို အိပ်ရာထဲ ခေါင်းထိုးမအိပ်နဲ့ ဗိုက်ထဲ အစာဝင်အောင်လုပ် ကြားလာ ကိုယ်ပြောတာ"

"ခင်ဗျားအကြာကြီး သွားမှာလား.."

"ကိုယ်မသိသေးဘူး ဒါပေမယ့် ကိုယ်အတတ်နိုင်ဆုံး အမြန်ပြန်ခဲ့ပါ့မယ်"

ခန့်ထည်ဝါ စိတ်ထဲ၌ တမျိုးကြီးပင် ။စိတ်တွေလေးကာ မသွားခိုင်းစေချင်။ မသွားပါနှင့်ဟု တားရအောင်လဲ သူနှင့်ကိုယ်က ဘာမှ မသက်ဆိုင်။ ပထမဆုံး အတူနေဖြစ်ပြီးနောက်ပိုင်း အတူ တစ်အိမ်ထဲ နေသည်ကလွဲ၍ သူတို့၂ယောက် ဆက်ဆံရေးက မရေရာ မသေချာ။ မည်သည့်ခေါင်းစဉ်အောက်တွင်လည်း သူတို့က.။

မကြားနိုင်တော့မှန်းသိပေမယ့်

"ဂရုစိုက်ပါ ကိုZ"

တီးတိုးလေးသာ ရေရွတ်လိုက်သည်။

နောက် အလုပ်သွားရန်ပြင်လိုက်သည်။ သူ့bossက ဆေးရုံရောက်နေသည်လေ။ သူပဲ အလုပ်ကပြဿနာ‌ကို အကုန်ဒိုင်ခံ ဖြေ‌ရှင်းနေရသည်။ bossကိုလည်း ဆေးရုံမှာတစ်ချက်တစ်ချက် သွားကြည့်ပေးရသေးသည်။

ဟုတ်ကဲ့ ။ဘာလို့ boss ဆေးရုံတက်နေရသလဲဟု သိချင်ပါသလား..။

"အာ့ ကျွတ် ကျွတ် နာလိုက်တာ ဖြေးဖြေး‌လုပ်ပါဗျာ ဆရာကလည်း"

I Love Both Of You Two (Complete)Tahanan ng mga kuwento. Tumuklas ngayon