အပိုင်း(၃၃)

46 4 0
                                    

(Unicode)

"ကိုယ့်ကို ခွင့်လွတ်ပါ ဟန်နိုင်ဦး ကိုယ်လုပ်ခဲ့တဲ့ အပြစ်တွေ အတွက်။ မင်းဘာလုပ်လုပ် ကိုယ် ကျေကျေနပ်နပ်နဲ့ ခံယူမှာမို့ ကိုယ်တောင်းပန်ပါတယ် ကိုယ်တောင်းပန်ပါတယ်"

Zမင်း Kရှေ့ ဒူးထောက်ပြီး တောင်းပန်လိုက်သည်။အကြောင်းစုံမသိသည့် ခန့်ထည်ဝါနှင့် စည်သူ လွမ်းရိပ်တို့ကတော့ အံ့အားသင့်စွာ ။

"ကို Z ကို ဘာတွေ လုပ်ထားတာလဲ ဘာလို့K ကို တောင်းပန်နေတာလဲ ကိုZ"

ခန့်ထည်ဝါ မနေနိုင်စွာဖွင့်မေးလိုက်သည်။ စည်သူနှင့် လွမ်းရိပ်လည်း ထောက်ခံသည့်သဘောဖြင့် ခေါင်းငြိမ့်ပြသည်။

"ခန့်လေး....ကိုယ်..."

"ခန့်ထည်...ခန့်ထည်...."

အရေးအကြောင်းဆို ဝင်ဝင် ဖျက်တတ်သည့် အာကာဟိန်းနှင့် မြတ်မဟာမောင်ကို လွမ်းရိပ် ဘုကြည့် လှမ်းကြည့်သည်။

"ခန့်ထည် ဘာဖြစ်တာလဲ ဆေးရုံမှာဆိုလို့ ချက်ချင်းလိုက်လာတာ ဘာဖြစ်သွားသေးလဲ"

"ကျွန်တော် ဘာမှမဖြစ်ပါဘူး ဟို... ကိုZ... "

အာကာဟိန်း အခုမှ အခန်း အခြေနေကို သတိထားမိသွားပြီး ကြမ်းပြင်၌ ဒူးထောက်နေသော Zမင်းကို တွေ့သွားသည်။

"မင်း လူယုတ်မာ ခွေးကောင်"

အာကာဟိန်း ဆွဲထိုးရန် ပြင်သော်လည်း ‌Zမင်း ရှေ့မှ ကာကွယ်ထားတဲ့ ခန့်ထည်ဝါကြောင့် စိတ်ထိန်းလိုက်ရသည်။

"Boss... K .... ကို Zက Kတို့ကို ဘာလုပ်ထားမှန်း ကျွန်တော် မသိပေမယ့် ကျေးဇူးပြုပြီး......ကျေးဇူးပြုပြီး ....သက်ညှာပေးဖို့ တောင်းပန်ပါတယ်"

K မနေနိုင်တော့။ ကိုယ်ဝန်ဆောင် တစ်ယောက်အတွက် စိတ်ပင်ပန်း ကိုယ်ပင်ပန်းခြင်းက ကလေးအတွက် မကောင်းနိုင်ဘူးလေ..။

"ထပါ ထပါ King လည်းထပါ ကိုခန့် ကိုခန့်လည်း ကြမ်းပြင်ပေါ်မှာအေးတယ် ကလေးအတွက်မကောင်းဘူး ထ.."

Zမင်း ကလေးအသံကြားတော့ မျက်နှာ တစ်ချက်ပျက်သွားသည်။

"ကဲထပါ .. နှစ်ယောက်လုံး...ပြီးတော့ King ကျွန်တော် ခွင့်လွှတ်ပါတယ်"

I Love Both Of You Two (Complete)Where stories live. Discover now