အပိုင်း(၁၉)

117 5 0
                                    

(Unicode)

K ညီဖြစ်သူလွမ်းရိပ် သဘောအတိုင်း လွမ်းရိပ်နှင့် ဆံပင်ပုံကအစ ပုံစံတူညှပ်ကာ ငွေရောင် ဖျော့ဖျော့လေး အတူတူဆိုးလိုက်သည်။

"ကိုကို "
" အွင်း"
" ဟို shirt လေးလေ လှတယ်မလား ဆင်စွယ်ရောင်လေး အဲ့ဒါလေး‌တူတူဝယ်ရအောင်နော်"
"......"
"နော်.....လို့ကိုကို "
"ဟ ဟ အေးပါကွာ တူတူဆိုတော့လဲ တူတူပေါ့ ဝယ်ဟေ့ ဝယ် တစ်ခါထဲ ဝတ်သွားမလား"
"အွန်း ကိုကိုကောပဲ အတူတူလိုက်ဝတ်ရမှာနော်"
"ဟုတ်ပါပြီကွာ"

အငယ်၂ယောက်က ဟို‌ဆိုင်ဝင်လိုက် ဒါလေးယူလိုက်။ နောက်က လိုက်ရှင်းရတာ အထုပ်သယ်ရတာက စည်သူနှင့် မိုးထက်။

မိုးမာန်က outdoor shooting ရှိသဖြင့် မလိုက်အား။နောက်ဆုံးတော့ ညီအကို၂ယောက်ရဲ့ ဆင်တူဝင်ဆင်ချင်းအမှုက အောင်မြင်စွာပြီးမြောက်ခဲ့လေပြီ။

"ကဲ ပေါက်စ၂ယောက် ဘယ်သွားချင်သေးလဲ "
"သားဗိုက်ဆာတယ် တစ်ခုခုစားရအောင် ပြီးမှ ပြန်မယ်လေ"

သူတို့၄ယောက် ဆိုင်တစ်ဆိုင်ဝင်ထိုင်ကာ စားစရာမှာပြီး စားသောက်လိုက်သည်။

"ကိုမိုးထက် "
" ဗျာကိုစည်သူ"
" ရှေ့ကပေါက်စ၂‌ယောက်က ဒီလို ဆံပင်ပုံစံတူ အဝတ်ပါတူ ကြားထဲ maskကတပ်ထားသေးတော့ အမှတ်မထင်ရင် တစ်ယောက်ထဲကျနေတာပဲနော် သေချာကြည့်"
"ဟ ဟ ဟုတ်သားဗျာ ခေါင်းက ဦးထုတ် အရောင်သာ တူနေရင် နောက်က လှမ်းကြည့်လိုက်ရင် တစ်ပုံစံထဲ တစ်ယောက်ထဲ ထင်မှာ"

ရှေ့က ကလေး၂ယောက်ကတော့ အစားကိုသာ အာရုံစိုက်ပြီး ဘာမှမသိ။

မိုးထက်က

"အားရိုး ကို့ကလေးက ပါးစပ်တွေကို ဖောင်းလို့ ချစ်စရာလေး ဖြေးဖြေးစား နင်နေမယ်"
"ဟုတ်ဦး"

"ဗျို့ ဦးစည်သူ!!"
"ဗျာ!!ဗျာ!!"
"ကိုကိုတို့ကို ကြည့်ဦး ဦးမိုးထက် ကိုကို့ကို အစစအရာရာဂရုစိုက်ပေးတယ် ခင်ဗျားကြီးကျတော့ ကျွန်တော့်ကို ဂရုမစိုက်ဘူး"
"ဟာ မဟုတ်တာဗျာ ဒီက ကျွန်တော်မျိုးက သခင်လေးကို ဂရုစိုက်ပါတယ်ဗျာ သခင်လေးရှက်သွားမှာဆိုးလို့ မလုပ်ပြတာ လူရှေ့မှာ"
"ဘာကိစ္စရှက်ရမှာလဲ "
"သေချာတယ်နော် "
"omm"
" ဒါဆို.....

I Love Both Of You Two (Complete)Where stories live. Discover now