အပိုင်း(၃၆)

110 5 0
                                    

(Unicode)

"ဘာလုပ်နေတာလဲ..."
"D.. dad.. ဟို ... ကျွန်တော် အာ ဟို လာမည့်sundayကျရင် မိဘမဲ့ကျောင်းသွားလှူမှာဆိုတော့ လိုအပ်တဲ့ စာရင်းတွေ လာပေးတာပါ.."
"ဪ စာရင်းကော."
"Dadစားပွဲပေါ် ထားခဲ့တယ် "
"inn ဒါဆိုလည်း ကောင်းပြီလေ ...ဪ ဒါနဲ့ သား ကောင်လေးတစ်ယောက်နဲ့ အတူနေတယ်ဆို .."
"ဟင်.."

Zမင်းလန့်သွားသည်။ အဖေ ဘယ်လိုသိတာလဲ ... ။ မဟုတ်မှ..... ။

"ဟား ဟား ဘာရယ်မဟုတ်ပါဘူး သားနေရထိုင်ရအဆင်ပြေလား သိချင်လို့ပါ စိတ်ထဲမထားပါနဲ့ သားအဖချင်းကို ဟားဟား "
"ဟုတ်..ဟုတ်ကဲ့"

ဦးထွန်းမြတ် သူ့ရုံးခန်းထဲဝင်ပြီး ပန်းချီကားနောက်မှ လျှို့ဝှက်ခန်းထဲ ဝင်ကြည့်လိုက်ငည်။ ခြေရာလက်ရာမပျက်။ သူ့စားပွဲပေါ်ကြည့်တော့ မိဘမဲ့ကျောင်း၏ စာရင်းစာရွက်တွေ။

"ဟူးငါပဲ စိုးရိမ်လွန်နေလို့လား"

သူ့စိတ်ထဲမည်သူ့ကိုမှမယုံကြည်ပဲ အရာရာကို အဆိုးမြင်နေသည်။

**တီ..***

ဦးထွန်းမြတ် ဖုန်းထဲ messageဝင်လာတာကြောင့်
** ခင်ဗျား အတွက် နိဂုံးချုပ်က နီးကပ်လာပြီ မသေခင်လေး ပျော်ထားပါဦး...*
"ဘာ...!!!"

ဖုန်းထဲက စာကိုဖတ်ပြီး သူစိတ်တိုသွားသည်။
"မင်းက ဘာကောင်မို့လို့ ငါ့ကိုချိန်းခြောက်ရဲရတာလဲ !!!!!"

ဖုန်းပြန်ခေါ်တော့ ဆက်သွယ်မှု ဧရိယာပြင်ပသာဖြေသည်။

"တောက်!!!"

တစ်နေကုန် အလုပ်လုပ်ရတာက အဆင်မပြေ .. ဒေါသထွက်လွန်းတာကြောင့် ဘာလုပ်လုပ် အမှားတွေပင်။မြင်မြင်သမျှ ဒေါသထွက်နေတာကြောင့် သူ့မျက်နှာက သုန်မှုန်နေမည်မှာအမှန်...။ညနေ ရုံးဆင်းတော့ ကားပါကင်ဆီ ထွက်ခဲ့သည်။
သူ့ကားနား ဝိုင်းအုံကာ ကြည့်နေသူတွေကြောင့်

"ဘာဖြစ်နေကျတာလဲ .."

လူတွေ ဘေးကို ဖယ်လိုက်တော့

"ဘယ်ကောင်လဲကွ...ဟမ်!!!!! ငါ့ကားကို ဘယ်ကောင်လုပ်တာလဲ.."

သူ့ကားတစ်စီးလုံးကို ဆေးလား သွေးလား မသိ တစ်ကားလုံးသုတ်ခံထားရကာ ကားရှေ့မှန်၌

I Love Both Of You Two (Complete)Where stories live. Discover now