အပိုင်း(၂၇)

47 5 0
                                    

(Unicode)

"ဘာ သားဖမ်းခံရတယ် ဟုတ်လား"
"ဟုတ် ...ဟုတ် တောင်းပန်ပါတယ် သခင်လေးက သူ့ကိုယ်သူ နစ်နာခံပြီး ကျွန်တော့်ကို ကယ်တင်ခဲ့တာပါ သခင်လေးအဲမှာကျန်ခဲ့တယ်"
" နားလည်ပြီ"
"ဟို သခင်လေးကို ကယ်ဖို့..?".
" မလိုဘူး ..."
"ဗျာ...?"
"ရှင်ဘာပြောလိုက်တယ်!!!?"
" ဟန်နီ ကိုယ်က..."
"သားZဖမ်းခံရတယ် ဟုတ်လား ဘယ်လိုဖြစ်တာလဲ "
" ဟုတ်ကဲ့ သခင်မကြီး ကျွန်တော်တို့ ထိုင်းဖက်ကလူတွေနဲ့ အရောင်းဝယ်လုပ်တာ ဟိုဘက်က သစ္စာဖောက်သွားပြီး သခင်လေးကို ဖမ်းထားပါတယ်"
"တောက်!!!!! ကို ထွန်းမြတ် ဒါကို ရှင်က ကျွန်မသားကို ပြန်ကယ်ဖို့ မစဉ်းစားပဲ ဘာလုပ်နေတာလဲ"
"ဟန်နီ ကိုယ်တို့သားက ကလေးမဟုတ်တော့ဘူး သူ့လွတ်လမ်းသူရှာပါစေ အခု သူ့ကို ယုံကြည်ပြီး လွတ်လိုက်တာ ကိုယ်ဘယ်လောက် ပိုက်ဆံဆုံးရှုံးသွားလဲ သိလား"
" ရှင့်စိတ်ကော မှန်ရဲ့လား သားတစ်ယောက်လုံး ပျောက်နေတာကို ရှင်က ရှင့်ပိုက်ဆံကိုပဲ ကြည့်နေတာလား လူစိတ်မရှ်ိတဲ့လူ "
" ဟန်နီ မလွန်လာနဲ့နော်"
"ဪ ကျွန်မလွန်တယ်ပေါ့ ကောင်းပြီလေ ကွာရှင်းရအောင် ရှင်နဲ့ ကျွန်မ ၊အရင်က ဘယ်လောက်ပဲ ရှင်ဆိုးဆိုး ကျွန်မ သည်းခံခဲ့တယ် အခု ကျွန်မသားလေးကိုတော့ ဘာမှ အဖြစ်မခံဘူး ကွာမယ်ရှင်နဲ့"
"ကွာဆိုလည်း ကွာပေါ့ နားအေးတယ် တစ်ချိန်လုံး လာပွားနေတာ "

ဒေါ်ကေသီရှင်း ချက်ခြင်း ရှေ့နေတွေ ခေါ်ကာ ကွာရှင်းလက်မှတ်ထိုးပြီး အိမ်ပေါ်ကဆင်းလိုက်သည်။ ဒီအိမ်ကြီးကို လိုချင်စိတ်လည်းမရှ်ိ။ Hotel တစ်ခုတွင် အခန်းငှါးကာ နေထိုင်ပြီး သားဖြစ်သူကိုလည်း အဆက်မပြတ်ရှာဖွေခဲ့သည်။ နာမည်ကြီး စုံထောက်တွေ၊ အောက်လမ်းက လူတွေ သုံးကာ ရှာဖွေသော်လည်း သတင်းသဲ့သဲ့ပင် မရ။

အခုဆို သူမသား ပျောက်ဆုံးနေတာ ၁လရှ်ိပြီ။ သူမလည်းစိတ်ထောင်းကိုယ်‌ေကြ အပူတွေ ဝိုင်းနေပြီ။

********************************

"အား...တော်ပါတော့ ရပ်ပါတော့...."

သူအဖမ်းခံရတဲ့နေ့ကစ သူ့ဘဝက လုံးဝ ငရဲပင် ။မှောင်မည်းနေတဲ့ အခန်းကြီးထဲ တွင်သာ နေထိုင်ရသည်။ စားသောက်ရသည်ကလည်း မသေရုံတမယ်။ အိပ်လည်း ဒီကြမ်းပြင်အေးစက်စက်ပေါ် ။

I Love Both Of You Two (Complete)Waar verhalen tot leven komen. Ontdek het nu