(Unicode)
"ရော့ dad လိုချင်တဲ့ ငွေ ..လက်မှတ်... Kနဲ့ ခန့်လေးကို ပြန်လွတ်ပေးပါ"
"ဟား ဟား လောလှချည်လား ငါ့သား နေပါဦး ငွေ ပြည့်မပြည့် စစ်ရဦးမယ်လေ.."
သူ့လူတစ်ယောက်ကို မျက်ရိပ်ပြလိုက်သည်။
ခဏ အကြာတော့...
"ပြည့်တယ် boss"
"ဒါဆို ကျွန်တော် သူတို့ကို ခေါ်သွားလို့ရပြီလား ."
"Hmm "
Zမင်း ခန့်လေးဆီသွားကာ ကြိုးဖြေပေးလိုက်သည်။
"ကိုကို.. ကျွန်တော် ကိုကို မလာမှာကို ကြောက်နေတာ ကလေးငယ်လေးကို ဆုံးရှုံးရပြီထင်နေတာ....ဟင့်. "
"စိတ်အေးအေးထားနော် ကိုယ်ရောက်လာပြီလေ ကိုယ်တို့ကလေး ဘေးကင်းမှာပါ . စ်ိတ်ချ"
"mom .. K အဆင်ပြေလား..."
"ပြေတယ်သား ခန့်လေးကိုပဲ ဂရုစိုက် မွေးရက်နီးနေပြီ.."
"ကျွန်တော်လည်း အဆင်ပြေပါတယ် နည်းနည်း ခေါင်းမှူးရုံပဲ .....ဒါနဲ့....."
"ဪ မိုးမာန်တို့ မပါလာဘူး အလုပ်မအားလို့တဲ့....."
"ဗျာ.....ဦးတို့က ..တစ်ကယ်ပဲ..."
Kမျက်နှာညှိုးသွားကာ မျက်ရည်တွေ ဝဲလာတာကြောင့်...Zမင်း အမြန်ပင် မျက်လုံးမှိတ်ပြပြီး
"အင်း ဟုတ်တယ် အလုပ်ရှုပ်နေတာ သူတို့ လူယုတ်မာကို ဖမ်းဆီးဖို့လေ....."
လူယုတ်မာကို ဖမ်းဆီးဖို့ ဆိုသည့်နေရာတွင်တော့ Zမင်း အသံကို လျော့ချလိုက်သည်။ အခုထိ dadက သူတို့ဘေးရှ်ိနေသေးသည်လေ..။
"ဟင်.."
နောက်မှ K သဘောပေါက်သွားသည်။
"ဟုတ်ကဲ့ ရပါတယ် ကိုယ့်လမ်းကိုယ်လျှောက်ကြတာပေါ့ ....."
"ကဲ dad လိုချင်တာ ရပြီဆိုတော့ ကျွန်တော်တို့ သွားလိုက်ပါဦးမယ် နောက်ဆို ပတ်သတ်စရာ အကြောင်း မရှိတော့ဘူး..."
Zမင်း ခန့်ထည်ဝါကို ပွေ့ကာ အခန်းပြင်ထွက်လိုက်သည်။ သူ့နောက်၌ momနှင့်K။
"Dad ဒါဘာသဘောလဲ..."
သူတို့ရှေ့ ပိတ်ရပ်နေသော လူတွေကို ကြည့်ပြီးမေးလိုက်သည် ။