အပိုင်း(၁၅)

73 7 0
                                    

(Unicode)

" အား ခေါင်းမူးလိုက်တာ "

"ကလေး နှိုးပြီလား ထ ကိုယ် သံပုရာရည်လေး ဖျော်ထားပေးတယ် ထသောက်လိုက်ဦး"

"ဦး လား K ဘာဖြစ်တာ ကားနဲ့လာကြိုတာပဲ မှတ်မိတယ် ဘာတွေ ဖြစ်သွားတာလဲ "

" ကိုယ်တို့ စေ့စပ်ပြီးပြီလေ ကလေးရဲ့ "

" ဟင်!! တကယ်ကြီးလား"

"ommလေ ကလေးနဲ့ ကိုယ်စေ့စပ်ပြီးသွားပြီလေ ဆင်တူလက်စွပ်နဲ့ ကလေးရဲ့ အုပ်ထိန်းခွင့်လဲ ရပြီးသွားပြီ ခုကစ ကလေးနဲ့ ဟို လူယုတ်မာတွေနဲ့ ဘာမှ မပတ်သတ်တော့ဘူး ကလေး ပျော်လား"

"omm ပျော်တယ် ဦး ချစ်တယ် ဦးကို ကျွန်တော့် အတိတ်ကို သိတာတောင် စွန့်ပစ်မသွားပဲ ဆက်ချစ်နေပေးလို့ "

"ဟုတ်ပါပြီ ရေသွားချိုးဦး ခေါင်းမူးသေးတယ်မလား ပြီးရင် အောက်ဆင်းခဲ့ ထမင်းစားရအောင်"

"ဟုတ် မွ ဦး ချစ်တယ်နော်"

"ကိုယ်လဲ ချစ်တယ်ကလေး "

K ရေချိုးခန်းထဲဝင်သွားမှ မိုးမာန် လက်က လက်စွပ်ကို ချွတ်လိုက်ပြီး မိုးထက် အခန်းထဲ သွားကာ

"ရော့ ညီ၊ ညီ့ လက်စွပ်"

" အကိုပဲ ယူထားပါဗျာ ကလေးက အကို့ကို ချစ်နေပြီပဲ အကိုတို့ ၂ယောက် လိုက်ဖက်ပါတယ် ညနေက စေ့စပ်ခဲ့တာ ကျွန်တော် ဆိုတာ ကလေး မသိပါစေနဲ့နော် အကို ကလေးကို ကျွန်တော် နာကျင်အောင် လုပ်ထားတာ ကျွန်တော်...ကျွန်တော် ... ကလေးအနားနေဖို့ မထိုက်တန်ဘူး.."

"ညီရာ ကလေးက .."

"တော်ပြီ အကို ကျွန်တော်နားချင်ပြီ မနက်ဖြန်ကျရင် ဟိုသားအဖကို ရိုက်ချဖို့ သတင်းသွားစုံစမ်းဦးမှာမလို့ ကျွန်တော် နားဖို့လိုအပ်တယ် ထွက်သွားပေးပါ"

မိုးမာန် အခန်းထဲက ပြန်ထွက်ခဲ့ပေမယ့် စိတ်မကောင်း။ ဘာပဲဖြစ်ဖြစ် ကလေးကို သူတို့ ညီကို၂ယောက်လုံး အတူတူချစ်ခဲ့တာမို့ အမြဲ အတူပဲ ရှိစေချင်သည်။

" တစ်နေ့တော့ ကလေးက မင်းရဲ့ အချစ်တွေ မြင်လာမှာပါ ညီရာ"

အကိုဖြစ်သူအခန်းထဲက ထွက်သွားတော့မှ မိုးထက် အခန်းမီးအားလုံးမိတ်ကာ ယောကျာ်းတန်မဲ့ ငိုချမိသည်။

I Love Both Of You Two (Complete)Where stories live. Discover now