အပိုင်း(၆၁)

41 3 0
                                    

(Unicode)

"ဗျာ...ဘာကိုပြောချင်တာလဲ အမေ ..ဖောက်ပြန်တယ်ဆိုတာက .."

" ဒီမှာသားခန့် အမေ သားကို အမေ့ရဲ့ သားအရင်းလို သဘောထားပါတယ် ဒါပေမယ့် အမေ့သားZက မစွမ်းဆောင်နိုင်ဘူးဆိုတာ သားခန့်ကော အမေကော သိနေတဲ့ ကိစ္စ ....."

"အဲ..အဲဒါက...."

"နေဦး အမေပြောမယ် ...သားZက မစွမ်းဆောင်နိုင်မှန်း သူကိုယ်တိုင်‌သိနေရက်နဲ့ သားခန့် အခုလို ကိုယ်ဝန်ရှိတယ်ဆိုတာ သိတော့ သူက စိတ်မဆိုးတဲ့ အပြင်ပျော်နေတယ်တဲ့လား...."

"အမေ...အဲဒါက...."

"တော်တော့....သားခန့်ကို သားအရင်းလို သဘောထားလို့ တခြားဘာမှ မပြောချင်တော့ဘူး....ထွက်သွားလိုက်ပါ...."

"ဗျာ...အမေ..."

"ထွက်သွားလိုက်ပါ မြေးလေး နှိုင်းမရကို အမေပဲ စောင့်ရှောက်ပေးမယ်....အိမ်ထောင်ရှိရက်နဲ့ ဖောက်ပြန်တတ်တဲ့ အဖေမျိုးနဲ့ မြေးလေးကို ကြီးပျင်းလာမှာ မကြည့်ရက်ဘူး....."

"မလုပ်ပါနဲ့ အမေရယ် ...သမီးနဲ့ ကျွန်တော့်ကို မခွဲပါနဲ့...ကျွန်တော် ...ကျွန်တော် တောင်းပန်ပါတယ်....."

" အမေ့ဘဝမှာ အမှားကို တစ်ခါပဲ လက်ခံပေးနိုင်မယ်.... သားZရဲ့ အဖေကိုပဲကြည့် သူ့လက်ထဲကြီးလာရလို့ သား Zက ခုလို ဖြစ်နေရတာ....မြေးလေးကိုတော့ ဒီလို အိမ်ထောင်ရေးဖောက်ပြန်တဲ့ သူလက်ထဲ ကြီးပျင်းလာမှာ အမေမလိုလားဘူး.....ဒါကြောင့်..........ထွက်သွားလိုက်ပါ...သား အကောင့်ထဲ အမေ ပိုက်ဆံလွှဲပေးလိုက်မယ်...ဗိုက်ထဲက ကလေးကို အဲပိုက်ဆံနဲ့ မွေးပြီး ပြုစု ပျိုးထောင်လိုက်ပါ....သူ့အဖေအရင်းဆီ သွားချင်လည်း အန်တီဘာမှ မပြောလိုပါဘူး......"

"မဟုတ်ဘူးအမေ ...သားဖောက်ပြန်တာ မဟုတ်ပါဘူး...ယုံကြည်ပေးပါအမေ...သား....သား.....အဲလို အကျင့် စာရိတ္တ ပျက်ပြားနေတဲ့ သူမဟုတ်ပါဘူး.....သမီးလေးနဲ့ မခွဲပါနဲ့ ကျွန်တော့်ကို ။သမီးမရှိရင် ကျွန်တော်သေသွားလိမ့်မယ်......"

" မဖောက်ပြန်ပဲနဲ့ ဒီဗိုက်ထဲက ကလေးက ဘယ်က ရောက်လာရတာလဲ ...တော်တော့ အမေ ဒေါသမထွက်ချင်ဘူး အေးဆေးပြောနေတဲ့ အချိန် ထွက်သွားလိုက်ပါ....ဒီဆေးချိတ်ပြီးရင် သွားတော့...အမေ့ကို အတ္တကြီးတယ်ပဲပြောပြော အမေ့မြေးလေးကိုတော့ သားလက်ထဲ မထည့်ပေးနိုင်ဘူး......"

I Love Both Of You Two (Complete)Where stories live. Discover now