အပိုင်း(၁၆)

83 10 0
                                    

(Unicode)

"ဦး "
"ပြောကလေး "
"ညနေကလေ ဘယ်လိုဖြစ်တာလဲ ပြောပြပါလား"
"မသိချင်ပါနဲ့ ကလေးရယ်"
"ဟာ ဦးနော် သားစိတ်ကောက်မှာနော်"

နှုတ်ခမ်းလေးဆူကာ ပြောနေသော K ကို ကြည့်ပြီး အမှန်တိုင်းပြောရန် မိုးမာန် ဆုံးဖြတ်လိုက်သည်။

"K ကလေး နားထောင်နော် သေချာ"
"ဟုတ် ဦး"

"တကယ်တော့ နေ့လယ်က ကလေးကို အဝတ်ပို့ပေးတဲ့သူက ဦးတို့မဟုတ်ဘူး ပြီးတော့ စေ့စပ်ပွဲကကောပဲ ဦးတို့ လုပ်တာမဟုတ်ဘူး"
"ဟင် ဘယ်လို..."
"ကိုယ့်စကားဆုံးအောင် နားထောင် ကလေး။ ဒီရက်ပိုင်းညီ ကလေးဆီ ဘာလို့ လာမတွေ့ဘူးလို့ ထင်လဲ သူကလေးအတွက် ပြန်ပြီး လက်စားချေပေးဖို့ပဲ"
" ဗျာ..ဒါပေမယ့်..."
"ကိုယ့်စကားမဆုံးသေးဘူး ကလေး"
"ဟုတ်"
" ညီမိုးထက် ဒီရက်ထဲ မအိပ်မနေ ဦးထွန်းမြတ်တို့ သားအဖကို စုံစမ်းနေတာ အဲမှာ လွမ်းရိပ်က ဦးထွန်းမြတ်နဲ့ အာကာဟိန်းနဲ့ တိုင်ပင်နေတာကို ကြားပြီး ညီ့ကို လာပြောပြတာ အဲဒါနဲ့ပဲ လွမ်းရိပ်အကူညီနဲ့ အာကာဟိန်း ရဲ့ ဖုန်းကို ယူပြီး အစီစဉ် တစ်ချို့ကို ပြောင်းလိုက်တာ နားလည်ပြီလား"

"omm နည်းနည်း။ ဒါနဲ့ လွမ်းရိပ်က ဘယ်သူလဲဟင်"
"စည်သူရဲ့ ကောင်လေးလေ"

"လွမ်းရိပ်က ကလေးကို တစ်ခါမြင်ဖူးပြီး devil club ကို ကလေးပိုင်မှန်းသိတယ်တဲ့ အဲနေ့က လွမ်းရိပ်က သန့်စင်ခန်းသွားရင်း ကလေးတို့အကြောင်းပြောနေတာ ကြားလို့ ညီ မိုးထက်ကို လာပြောပြတာတဲ့ "
" omm ဒါဆို ဦးကကော "
"ကိုယ်လား ကိုယ်ကတော့ ကလေးဗိုက်ဆာတယ်ဆိုလို့ အပြင်ထွက်လာပြီးမှ ညီက ကိုယ့်ဆီဖုန်းဆက်တာ ကိုယ့်ကို ခဏရှောင်ပေးလိုက်ပါတဲ့ သူတို့ ယုံကြည်သွားအောင် "

"ဪ အဲလိုလား"
"inn အဲလိုပေါ့ ကလေးရဲ့ ကလေး ကားနဲ့‌ပါသွားတော့ ကိုယ်က က‌ေလးတို့ ကားနောက်မှာပါတယ်"

"ဒါ ...ဒါဆို ...."
"ဟုတ်တယ် ကလေး ကလေးနဲ့ စေ့စပ်ပြီး ကလေးကို ကယ်ခဲ့တာ ညီ မိုးထက်ပဲ "
"ဒါပေမယ့် ဘာလို့ ခဏက K ကို အမှန်တိုင်းမပြောတာလဲ "
"ညီက ကလေးသူ့ကို စိတ်နာသွားတယ်လို့ ထင်လို့ ကလေးကို လာမတွေ့တာပါ အခုလည်း ဦးထွန်းမြတ်တို့ကို ပြန်ပြီး ရိုက်ချဖို့တဲ့ သူကိုယ်တိုင် သတင်းလိုက်စုံစမ်းနေလို့ ကလေးကို လာမတွေ့တာပါ "
"ဟွန့် ဘယ်သူက ...."

I Love Both Of You Two (Complete)Where stories live. Discover now