(Unicode)
"ကလေး ဒါလေးစားပြီး ဆေးသောက်ရအောင်နော် "
"ဟို ဦးမိုးထက်ကော"
"ဪ သူအောက်ထပ်မှာ ရှိတယ်ကလေး သူကလေးအပေါ် လုပ်ခဲ့တာတွေကို ကလေး ခွင့်လွတ်လိုက်ပါနော် "
"K စိတ်မဆိုးပါဘူး ဦး ဦးတို့ကို ပေးထားတဲ့ ကတိကို မတည်နိုင်ခဲ့တဲ့ ကိုယ့်ကိုကိုယ်ပဲ စိတ်ဆိုးတာပါ K ပျော့ညံ့လို့ K သူ့ကို မလွန်ဆန်နိုင်လို့ K အပြစ်ပါ ဦးမိုးထက်မှာ အပြစ်မရှိပါဘူး"
"K ပြောတဲ့ သူဆိုတာက...."
"King လို့သူ့ကိုသူ သတ်မှတ်ထားတဲ့ Zမင်း "
အတိတ်..
"ဟန်လေးရေ အမြဲတမ်း အခန်းပဲအောင်းနေတာ မပျင်းဘူးလား daddyနဲ့ စကားလေးဘာလေးလာပြောပါလား ဒါမှမဟုတ်လဲ သားကြီး Zနဲ့ ဂိမ်းဆော့တာတို့ ဘာတို့လုပ်ပါလား"
"ရပါတယ် uncle ကျွန်တော် မပျင်းပါဘူး နေတတ်ပါတယ် "
"မဟုတ်တာ ညီ လာကိုယ့်ဆီ "
ဦးထွန်းမြတ် လက်ထဲမှ ဟန်ကို သူ့ရင်ခွင်ထဲ ဆွဲထည့်လုနီးပါး ပုခုံးမှ ဖက်ကာ အုပ်မိုးလိုက်သည်။ နေ့စဉ် GYMဆော့ပြီး ဖွံ့ဖြိုးလွန်းသော သူ့ရင်ခွင်ထဲ၌ ဟန်က ကလေးငယ် တစ်ဦးအတိုင်း။
ဟန် သားအဖ ၂ယောက်ကြား အနေရခက်စွာ ..။
"ရတယ် ကို Z ညီ့အတွက်အလုပ်ရှုပ်မခံပါနဲ့"
"ဘယ်ကသာ ညီရာ ညီရောက်လာတော့ ကိုယ်ပိုပြီးတောင် အဖော်ရသေး ဒါမှမဟုတ် ညီက ကိုယ့်ကိုမခင်ဘူးလား "
"ဟို.. ဟို .. မဟုတ်ပါဘူး ဟန်အတွက်နဲ့ အလုပ်ပိုမှာ ဆိုးလို့ပါ ကိုZ အတွက် အလုပ်မရှုပ်ရင် ညီလည်း ဂိမ်းအတူဆော့မယ်လေ "
သူတို့အိမ်တွင်နေမှတော့ သူတို့နှင့်တည့်အောင်ပေါင်းမည်ဟု တွေးကာ။
ဦးထွန်းမြတ်ကတော့ သူ့လက်ထဲက ဖြတ်လုသွားသော သားဖြစ်သူကို မျက်စောင်းတခဲခဲ။ Zမင်း မျက်နှာကလည်း အဖေဘာတတ်နိုင်သေးလည်းဆိုတဲ့ ရုပ်။
"လာညီ ဒီဂိမ်းက ဒီလို......"
"ညီ ဒါက...."
"ညီ ......
"ညီ ......."
![](https://img.wattpad.com/cover/367680180-288-k892532.jpg)