အပိုင်း(၁၃)

68 6 0
                                    

(Unicode)

K မျက်လုံးတွေ ဖွင့်ကြည့်လိုက်တော့ ဆေးရုံတွင် သူ့လက်တွေမှာလဲ ဆေးပိုက်က သွယ်တန်းလျက်။

"ကောင်လေး နိုးလာပြီလား"

"အန်တီ..."

" ခေါင်းမူးနေသေးလား သား၊  သားမေ့လဲသွားလို့ ဆေးရုံတင်ထားတာ သားအားအရမ်းနည်းနေလို့တဲ့ စိတ်ဖိစည်းမှုများလို့ ဖြစ်တာတဲ့ နားလိုက်ဦးနော် "

"အန်တီ ကျွန်တော့်ကို မမုန်းဘူးလား"

"ဘာလို့မုန်းရမှာလဲ ကောင်လေး"

"အန်တီ့ ယောကျာ်းနဲ့သားနဲ့ အတူတူ‌ေနတဲ့ လူကို မမုန်းဘူးလား"

" ကောင်လေး မင်းဖက်က စမြူစွယ်ခဲ့တာဆိုရင်တော့ မုန်းချင်မုန်းနိုင်တယ် ဒီကိစ္စက မင်းလေးအမှားမှ မဟုတ်တာ အန်တီကပဲ တောင်းပန်ပါတယ် သူတို့အစား ပြီးတော့ သားမိဘတွေ..."

" တော်ပြီ အန်တီ ကျွန်တော် ဒဏ်ရာအဟောင်းကို ပြန်မစွချင်ဘူး "

"ကောင်းပြီလေ နားဦး ကောင်လေး။  စိတ်ချလိုက် သားနဲ့ အန်တီ့ ခင်ပွန်း ဒီအခန်းထဲ မဝင်လာနိုင်တာမို့ စိတ်ချလက်ချ နားလို့ရတယ် ကောင်လေး"

K လည်း ပြန်လှဲလိုက်ကာ အားမွေးလိုက်သည်။

"ငါ ဒီကနေ ရအောင်ထွက်မယ် ငါဒီနွံထဲ ဆက်ပြီး အနစ်မခံတော့ဘူး အားတင်းထား K "

နောက်နေ့ ဒေါ်ကေသီ ပြန်ရောက်လာတော့

"အန်တီ ကျွန်တော့်ကို တစ်ခုလောက်ကူညီပါ"

"ပြောကောင်လေး "

"ကျွန်တော် ဒီအိမ်မှာ မနေချင်ဘူး ထွက်သွားချင်တယ် ကူညီပါ"

"ကောင်းတယ် အန်တီလဲ အဲဒါပဲ လာပြောတာ ကောင်လေး မင်းအတွက် (...)က night clubကို အန်တီ အပိုင်ပေးမယ်"

"အန်တီ...၊ အဲကလပ်ကို သူတို့ မသိနိုင်ဘူးလား"
"စိတ်ချ၊ မနေ့ကမှ အန်တီ စဉ်းစားပြီး ဝယ်လိုက်တာမလို့ သူတို့မသိတိုင်ဘူး။ သား စိတ်ချလက်ချ သွားပုန်းနိုင်တယ်။အန်တီ့ သားနဲ့ ယောကျာ်းရဲ့ အမှားအတွက် ပြီးတော့ သားရဲ့ မိဘတွေအပေါ် မှားခဲ့တဲ့ အမှားအတွက် ဒါဟာ မတရားဘူးဆိုတာ သိပေမယ့် အန်တီတတ်နိုင်တဲ့ဖက်က ကူညီပေးတာ"

I Love Both Of You Two (Complete)Onde histórias criam vida. Descubra agora