အပိုင်း(၂၉)

62 7 0
                                    

(Unicode)

" ဦး...!"
"ဗျာ ကလေး"
"သားကို အပြင်လိုက်ပို့ အိမ်မှာပျင်းလာပြီ"
"ကောင်းပါပြီ ဘယ်သွားချင်လဲ ကလေး.."

" အွမ်.... ညဈေးသွားချင်တာ "
"Ok ဒါဆို ဒီညနေ ကလေး အဆင်သင့်လုပ်ထားနော် ကိုယ်တို့ စောစောပြန်လာမယ်"
"ဟုတ်"

"လွမ်းရေ ညီ "
"ဟုတ် ကိုကို လာပြီ "
" ကိုကိုတို့ ဒီနေ့ ညဈေးသွားရအောင် အတူတူမလည်ရတာလည်း ကြာပြီ"
" အွန်း သွားမယ်လေ ပျော်စရာကြီး"

ညနေဖက် Kတို့ငါးယောက် ည‌ဈေးလည်ပတ်ကာ ဆိုင်ရာပိုင်ရာ ကိုယ်စီ လက်တွဲလျက် ပျော်မဆုံး ရွှင်မဆုံး...။

" ကိုကို ဟိုမှာ ငှက်သိုက်မုန့်တွေ သွားဝယ်ရအောင်"

လွမ်းရိပ် ကိုကို့ကို ဆွဲကာ မြန်မြန် ပြေးသွားလိုက်သည်။

*ဘုတ်*
"အ့ "

"ဟာ အဆင်ပြေလား ကျွန်တော်တောင်းပန်ပါတယ် မမြင်လိုက်လို့ပါ"

"အ့ ...ဗိုက်..ဗိုက်..."
" ဟင် ဗိုက်..."

Kနှင့် လွမ်းရိပ် အမြန်ပြေးလာတာကြောင့် ရှေ့ကလူကို မထိန်းနိုင်ပဲ ဝင်တိုက်မိသွားသည်။ ထိုတစ်ယောက်က ဗိုက်ကို ကိုင်ကာ ငြီးနေသည်မို့ K သူ့ဗိုက်ကို ကြည့်လိုက်တော့...။

"ကိုယ်....ကိုယ်ဝန်လားဟင် ...ဒုက္ခပါပဲ အထဲက ကလေး ....!!!!ဦး...!!!!ဦး လာပါဦး ကူပါဦး ဒီမှာ"

Kလှမ်းအော်ခေါ်သံကြောင့် မိုးမာန် ဘေးနား အမြန်ရောက်လာသည်။
"ဘာဖြစ်တာလဲ ကလေး"
"ဟို ..သူ့...သူ့ကို ဆေးရုံခေါ်သွားရအောင် ကလေး သူ့ကို ဝင်တိုက်မိတာ သူ့မှာ ကိုယ်ဝန်ရှိတယ်ထင်တယ် အဲ....အဲဒါ ...."

Kပြောရင်း မျက်ရည်တွေပင်ဝဲလာတာကြောင့် မိုးထက် အမြန်ချော့လိုက်ရသည်။

"စိတ်အေးအေးထား ကလေး ကိုယ်တို့ ဆေးရုံ အရင်သွားရအောင်"

မိုးမာန် လဲကျနေတဲ့ ကောင်လေးကို ပွေ့ကာ အနီးစပ်ဆုံးဆေးရုံကို မြန်မြန်မောင်းသွားလိုက်သည်။

"တော်သေးတယ် ကလေးဘာမှ မဖြစ်ဘူး အထဲက‌ကလေးက အရှိန်နဲ့ နည်းနည်းလေး ထိမိတာဆိုတော့ သွေးလန့်သွားလို့ပါ အခုဆို သူတို့ရဲ့နှလုံးက စပြီး ခံစားတတ်နေပြီဆိုတော့။ အခုတော့ စိတ်ငြိမ်အောင် အားဆေးသွင်းပေးခဲ့မယ် "

I Love Both Of You Two (Complete)Where stories live. Discover now