အပိုင်း(၂)

203 15 0
                                    

((Unicode))

"The hell!'

နာမည်ကို စိတ်ဝင်စားသဖြင့် လက်ခံတွေ့ရန် အပြင်ကို ထွက်လာခဲ့သည်။ တွေ့လိုက်ရသည့် လူကြီးက Kကို ဝိုးခနဲဖြစ်သွားစေသည်။ ကြည့်ရတာ အသက် ၂၅ ၂၆လောက်ပေါ့ ။ဒါနဲ့များ ခဏက ကိုစည်သူပြောတော့ ဦးမိုးမာန်ပိုင်တဲ့ ။ဦးတပ်‌ေခါ်၍ အသက်ကြီးကြီးထဲကလို့ ထင်ထားတာ ။

"ကိုယ့်ကို တစ်ချိန်လုံးကြည့်နေတော့မှာလား ကလေး"

"What! လူကိုများကလေးတဲ့ "

"ဒီမှာ ကျွန်တော့်အသက် ၂၀ရှိပြီ ကလေးမဟုတ်တော့ဘူး ခင်ဗျားက အများဆုံးရှိ ၂၅ ၂၆ပေါ့ ကျွန်တော်တို့ အသက်အဲလောက်မကွာပါဘူး ထင်ရဲ့ ကလေးလို့မခေါ်နဲ့"

"ဟားဟား ကိုယ်အဲလောက် ရုပ်နုလို့လား ကိုယ့်အသက် ၃၂နှစ်ရှိပြီ ကလေးထက် ၁၀နှစ်ကျော်ကြီးတယ် "

ဒီဘဲကြီးအဲလောက်တောင် နုသလား၊ အသက် ၂၀ကျော်‌လို့ပဲထင်တာ အခုတော့၃၀တောင်ကျော်ပြီတဲ့ ၊အင်းလေ အဲလောက်ဆို ဦးတပ်ခေါ်သင့်ပါပြီ။

"ကဲပြော ဘာကိစ္စ "

"ကလေးကို လိုက်မလို့"

"ဟင် ဒုံးတိကြီး"

"ဟော အဲ့လိုမပြောလို့ ကဗျာနဲ့ စာနဲ့ ဖွဲ့ပြောရမှာလား"

"ခင်ဗျားဟာလေ တော်ပြီ ပြိုင်မပြောချင်ဘူး ခင်ဗျားရဲ့ biography လေး ဘာလေးတော့ ပြောပြသင့်တာပေါ့။ ဘယ်လိုလူမှန်းမသိဘဲ ဘယ်လိုတွဲမှာ၊ မတော် လူဆိုး သူခိုးကျပိုးဖြစ်နေရင် စိတ်မဝင်စားဘူးနော်"

သူဆိုတဲ့ K ဟာ ငွေမျက်နှာလဲ ကြည့်ပါတယ်လို့။

"ဟား ကလေးက ကိုယ့်ကို အထင်သေးလိုက်တာ ကလေးထင်ထားတာထက်တော့ သာတယ်လို့ယုံ။ ကိုယ်က ဓာတ်ပုံဆရာ ၊ ဓာတ်ပုံဆရာဆိုလို့ အထင်မသေးနဲ့နော်။ လုံးဝနာမည်ကြီးပဲ။ ကိုယ့်စတူဒီယိုမှာ ဓာတ်ပုံရိုက်ချင်လွန်းလို့ ရက်ချိန်းယူဖို့ မလွယ်ဘူးနော်"

"Okလေ ခင်ဗျားကိုသဘောကျသွားပြီ ဘယ်ချိန် စဒိတ်မလဲ"

"ကလေး လက်ခံလိုက်ပြီလား"
"ဘာလဲ မရဘူးလား။ ခင်ဗျားက ကျွန်တော့်ကို စိတ်ဝင်စားတယ်၊ ကျွန်တော်က အခွင့်ရေးပေးပြီး ဒိတ်ကြည့်မယ်လေ၊ ဒိတ်ပြီးမှ ချစ်၏မချစ်၏ ဆုံးဖြတ်ပေးမယ်"

I Love Both Of You Two (Complete)Onde histórias criam vida. Descubra agora