အပိုင်း(၃)

155 11 0
                                    

(Unicode)

"ဟားး ဟားး မနောက်ပါနဲ့ဗျာ ကျွန်တော့်လိုလူကို အတည်တွဲရအောင်တဲ့လား ၊ဘာလဲ ခင်ဗျားတို့၂ယောက်ရဲ့ နမ်းတာ လက်ခံလိုက်လို့လား။ ကျွန်တော် ပျက်စီးတယ်ဆိုပေမယ့် ညီအကို ၂ယောက်ကြားတော့ သွေးမခွဲချင်ဘူးနော်။ ပြီးတော့  ပတ်ဝန်းကျင်က ပေါက်ကရစကားတွေလဲ နားမထောင်ချင်ဘူး၊ အဓိကက ကျွန်တော် အတည်မတွဲချင်ဘူး။ ခင်ဗျားတို့ ကျွန်တော့်အကြာင်း ဘာသိလဲ၊ ကျေးဇူးပြုပြီး....ကျေးဇူးပြုပြီး အပေါ်ယံ သာယာမှုလောက်နဲ့ ကျွန်တော့်ဘဝထဲ ဝင်မလာနဲ့.."

မိုးမာန်မှ

"မဟုတ်ဘူး baby အပေါ်ယံမဟုတ်ပါဘူး။  ကိုယ်babyကို အခုမှ စိတ်ဝင်စားတာမဟုတ်ဘူး လွန်ခဲ့တဲ့ ၂လထဲက တွေ့တွေ့ချင်း စိတ်ဝင်စားခဲ့တာပါ"

မိုးထက်ကလည်း

"ကိုယ်ကတော့ မနေ့ညကမှ babyနဲ့ စတွေ့တာပါ ဒါပေမယ့် ကိုယ်စိတ်ဝင်စားတယ်ဆိုတာ တစ်ကယ်ပါ ကိုယ်မညာပါဘူး"
"Ok ဦးမိုးထက်ကတော့ ထားလိုက် မနေ့ညကမှ တွေ့တာဆိုတော့ ဦး မိုးမာန် ခင်ဗျားက လွန်ခဲ့တဲ့ ၂လထဲက တွေ့တယ် ဆိုပြီး ဘာလို့ ခုမှ ပေါ်လာတာလဲ"

"ကိုယ် မင်းရဲ့ ကလပ်ကို နေ့တိုင်းလာတယ် မင်းလေးမသိလို့ပါ ကိုယ့် သူငယ်ချင်းတစ်ယောက်ခေါ်လို့ ကိုယ်မင်းလေးရဲ့ ကလပ်ကို စရောက်ခဲ့တာ အဲနေ့ကလည်း baby မနေ့ညကလိုပဲ ဖျော်ဖြေခဲ့တယ်လေ ကိုယ် အဲထဲက babyကို သဘောကျတာပါ"

"ဒါဆိုဘာလို့ ခုမှလာjoinလဲ အဲနေ့ထဲကမjoinပဲ "

"ကိုယ် သတ္တိမရှ်ိလို့ အဲတုန်းက ကိုယ့်ကိုကိုယ် gay လို့ လက်မခံနိုင်လို့ "

"ဒါပေမယ့် မနေ့ညကတော့ လက်ခံနိုင်သွားတယ် gayရုံမက ဘာပဲဖြစ်ဖြစ် ကိုယ်လက်ခံနိုင်သွားပြီ"

"ခင်ဗျားကြီးက လူကို စိတ်ဝင်စားတာမဟုတ်ပဲ ။ အပေါ်ယံအလှပကို စိတ်ဝင်စားနေတာကြီး!"

" မဟုတ်ရပါဘူးကွာ။ ဘုရားပေးပေး ကျမ်းပေးပေး။ တကယ်ချစ်တာပါဆို..၊ကိုယ်တို့နဲ့နေဖို့ သဘောတူလားဟင်"

"No"

" ဘာလို့လဲ K ကိုယ်တို့ ညီကို ဘာလိုအပ်လို့လဲ"

I Love Both Of You Two (Complete)Where stories live. Discover now