အပိုင်း(၄၁)

241 36 10
                                    

"ဂျောင်ဟန် တကယ်ပဲဘာလို့လဲ"

ရေပြင်ကျယ်ဆီမှ အကြည့်လွှဲကာ ယွန်းဂျောင်ဟန်ကိုကြည့်ပြီး မေးလိုက်ပါ၏။ ယွန်းဂျောင်ဟန်က အပြုံးတစ်ခုနဲ့ လှည့်ကြည့်လာပြီး ပြန်ဖြေလာပါသည်။

"ငါကဒီမေးခွန်းကိုဘယ်နှခါပြန်ဖြေရမှာလဲ ရှုအာ"

"မသိဘူး ဂျောင်ဟန် ငါမသိဘူး မင်းဘာလို့ခုလိုလုပ်တာလဲ ရုတ်တရက်ကြီးလေ ဂျောင်ဟန် ငါမေးတာဖြစ်သင့်တာပဲမဟုတ်ဘူးလား ငါမယုံနိုင်တာဖြစ်သင့်တာပဲမဟုတ်ဘူးမလား မင်းဘက်က သေချာတဲ့ဖြေရှင်းချက်ကို ငါလိုအပ်နေတုန်းပဲ ငါနားမလည်နိုင်သေးဘူး"

"ရှုအာကဘာတွေကိုနားမလည်ဖြစ်ပြီး ဘာတွေကို ဖြေရှင်းစေချင်နေတာလဲ ငါ့ဘက်ကနေရှုအာကို တကူးတကရှင်းပြစရာကိစ္စမျိုး မရှိဘူးထင်တယ်"

"ခံစားချက်တွေကိုပြောနေတာ ဂျောင်ဟန် ငါ့ကိုပြခဲ့တဲ့ မင်းရဲ့အချစ်တွေကိုပြောနေတာ"

ယွန်းဂျောင်ဟန်ကမျက်နှာလွှဲသွားပြီးပြန်ဖြေလာပါ၏။

"ငါမရေမတွက်နိုင်အောင်ပြောဖူးတယ်ထင်တယ်ရှုအာ အချစ်ဆိုတာမရှိဘူး ငါ့ဆီကရတဲ့ဂရုစိုက်မှုတွေကို မင်းအထင်မှားသွားရုံပဲ၊ အဲဒီ့အတွက်လည်း ငါတောင်းပန်ပါတယ်၊ ငါကမင်းလိုအပ်တယ်ထင်လို့"

"ဘာတွေပြောနေတာလဲ ဂျောင်ဟန်၊ ငါတကယ်နားမလည်နိုင်တော့ဘူး မင်းရဲ့ဂရုစိုက်မှုတွေ၊ စိုးရိမ်မှုတွေအပြင် အဲဒီနှုတ်ခမ်းဆီကရခဲ့တဲ့ အနမ်းတွေကပါ မင်းဘက်ကဘာသဘောမှမပါဘူးပြောချင်တာလား"

"ဟုတ်တယ် မင်းလိုအပ်တယ်ထင်တာကိုပေးလိုက်ရုံပဲ"

"ဘာလို့လဲ တခြားသူကိုကျအဲလိုမဆက်ဆံပဲ ဘာလို့ငါ့ကိုမှ အဲလိုလဲ ဘာလို့ငါလိုအပ်တယ်ထင်တာကိုဖြည့်စည်းပေးနေတာလဲ"

"မေးခွန်းတွေဘာလို့အဲလောက်များနေတာလဲရှုအာ"

"ဒီတိုင်း ဒီတိုင်းပါပဲ..."

ဂျိုရှုအာ ယွန်းဂျောင်ဟန်ကိုဆွဲထားချင်မိသည်။ ယွန်းဂျောင်ဟန်ကိုသူနားမလည်သော်ငြား ဒါကအရေးမကြီး။ သူကဒီတိုင်းလေးပဲ ယွန်းဂျောင်ဟန်ကိုဘယ်သူ့အပိုင်မှဖြစ်မသွားစေချင်ရုံတင်ပါ။ သူ့အနေနဲ့ ငေးကြည့်ရင်တောင် လိပ်ပြာလုံချင်ရုံပါ။ သူဆိုတဲ့သူက သူများအပိုင်‌ကိုတော့ မျက်စောင်းနဲ့တောင် စွေမကြည့်ချင်ဘူးလေ။

Hot Chocolate Where stories live. Discover now