အပိုင်း(၁၀)

214 28 0
                                    

"မြင်မြင်ချင်းချစ်မိသွားတယ်ပေါ့လေ ငါ့ကောင်ရာ တော်ရုံလုပ်ပြစမ်းပါ မင်းချစ်တာသိပြီမလို့ ငါ့ကိုပြန်ပြီးအာရုံစိုက်ပေးလို့ရမလား ကြည့်ရတာကြာတော့ရွံလာပြီ"

ချွဲဆွန်းချောလ် ဂျိုရှုအာအားစလိုက်လေသည်။ သို့သော်လည်း ဂျိုရှုအာသည်စိတ်မဆိုးပဲ ဂုတ်ပိုးအားပွတ်ကာ ရှက်ရယ်ရယ်မိသွားလေသည်။ ထို့နောက်ဂျိုရှုအာသည်လည်း သိလိုသည်အားမေးလိုက်လေသည်။

"ဒါနဲ့ မင်းကကောဘယ်လိုလုပ်သိသွားတာလဲ ငါတအားသိသာနေတာလား"

"အေ အကြည့်တွေကိုကခံစားမိနေတာလေ ဟိုကောင်ကငတုံးမလို့မသိတာ မင်းမယုံရင်ကြည့်နေ မင်းဘာမှမပြောတောင် ဝွန်းနူလည်း သိသွားမှာပဲ မင်းကအဲလောက်တောင်သိသာနေတာ"

"အမ် ဟုတ်လား ငါကငါ့ကိုယ်ငါဘယ်သူမှတောင် မသိလောက်ဘူးပဲထင်နေတာ"

ဂျိုရှုအာသည် စိုးရိမ်သွားဟန် မျက်ခုံးလေးများရှုံ့လျက် ရယ်စရာမျက်နှာပေးလေးတောင်ဖြစ်သွားလေသည်။ ထို့နောက်ပြန်ရှက်သွားပြန်လေသည်။ ချွဲဆွန်းချောလ်သည်ဆက်ပြောလာလေသည်။

"တခြားသူတွေတော့မသိပေမယ့် ငါကသူငယ်ချင်းဆိုတော့ တချို့ဟာတွေတော့ သူများထက်ပိုပြီးသတိထားမိတယ်လေ အဲတာကြောင့် တချို့ဟာတွေကငါ့အတွက်မြင်သာနေတာ"

ဂျိုရှုအာသည်သိလိုစိတ်ဖြင့်မေးလိုက်လေသည်။

"ဘယ်လိုဟာတွေလဲ"

"ငါသတိရတာတချို့ပြောပြမယ်ကွာ မင်းသူနဲ့ခင်ပြီး တပတ်လောက်ကြာတော့ထင်တယ် မင်းအဲနေ့က ရှပ်အင်္ကျီအစိမ်းစင်းဝတ်ထားတာလေ ငါမှတ်မိသလောက်ဆို ဝတ်ရတာသက်တောင့်သက်သာရှိလို့ဆိုပြီးတောင်ပြောဖူးသေးတယ်လေ ဒါပေမယ့်အဲနေ့ကညနေပြန်တော့ ဂျောင်ဟန်ကအဲအင်္ကျီကိုသူသိပ်မကြိုက်ဘူးပြောလိုက်တော့ အဲ‌အင်္ကျီကိုနောက်နေ့ကျသူများကိုပေးလိုက်တာလေမင်း ငါတောင်အံ့ဩနေတာ အဲတုန်းကတော့ငါလည်းသိပ်တော့မသေချာပါဘူး အံ့ဩရုံပဲအံ့ဩတာ အထင်လေးတော့ရှိတာပေါ့ ခုမှပဲသိတော့တယ် တော်တော်ဖြစ်နေတာနော်မင်း သူမကြိုက်ဘူးပဲပြောရသေးတယ်မင်းနဲ့မလိုက်ဘူးလို့ပြောတာတောင်မဟုတ်ဘူး အဲတာကို တခါတည်းသူများပေးချလိုက်တော့တာပဲ

Hot Chocolate Where stories live. Discover now