အပိုင်း(၁၇)

184 24 0
                                    

အမှန်တကယ်တမ်းတွင်တော့ ဂျိုရှုအာတွင် ထိုကဲ့သို့လုပ်ရန်အချိန်အရှိသေးပေ။ ‌ယွန်းဂျောင်ဟန်သည်လည်း အလုပ်ရှုပ်လွန်းသည့်အချိန်ပင်မဟုတ်ပါလား။

ဂင်မ်မင်ဂယူ: "ဟျောင်း အဲဆိုဘယ်တော့ဖွင့်ပြောမှာလဲ"

ဂျိုရှုအာ: "မသိသေးပါဘူးကွာ ဒါကငါ့စိတ်ထဲဆုံးဖြတ်လိုက်တာတစ်ခုပဲရှိသေးတာ ဘယ်ချိန်ပြောရမလဲတော့ မသိသေးဘူး၊ ခုနောက်ပိုင်းကအလုပ်ကပိုရှုပ်ဖို့ပဲရှိတော့တာဆိုတော့ ဟျောင်းဖွင့်ပြောတာလေး ကြက်ပျောက်ငှက်ပျောက်ဖြစ်သွားမှာလည်းကြောက်လို့"

ဂျောန်ဝွန်းနူ: "ဟျောင်း အခုချိန်ဖွင့်ပြောလိုက်ရင်တော့ ဟျောင်းတို့တွဲတယ်ဆိုတဲ့ခေါင်းစဉ်အောက်ကိုရောက်သွားမှာတော့ အသေအချာပဲ ဘာလို့လဲဆိုတော့ ဂျောင်ဟန်ဂျောင်းကလည်း အခုဟျောင်းကို ပြန်စိတ်ဝင်စားနေတဲ့ပုံဆိုတော့လေ"

ဂျိုရှုအာ ခဏတော့အတွေးနက်သွားလေသည်။ ဟုတ်သည်။ ယခုချိန်တွင် သူတို့သည် တွေ့ချိန်လည်းနည်းပါး၊ တခြားကိစ္စစဉ်းစားဖို့အချိန်ပင်သိပ်မရှိသော်ငြား ယခုချိန်ဖွင့်ပြောလိုက်လျှင်တော့ ဝွန်းနူပြောသည့်အတိုင်းပင် တွဲသည်ဟူသောခေါင်းစဉ်သို့တော့ ရောက်သွားလိမ့်မည်ဖြစ်သည်။ အကယ်၍များ ခုဏကအနမ်းသည် စိတ်ဝင်စားမှုအား ပြသည်ဆိုလျှင်ပေါ့။

ဂျိုရှုအာ: "ဟျောင်း ခဏလောက်တော့စောင့်ကြည့်ရဦးမယ်ထင်တယ် သူလည်းမအား ဟျောင်းကလည်းမအားဆိုတော့လေ၊ သူတကယ်ဟျောင်းကို ပြန်သဘောကျနေတဲ့ပုံဆိုရင်တော့ တွဲဖို့ပြောလိုက်တော့မယ်ကွာ စဉ်းစားရတာခေါင်းခြောက်တယ်"

ဂင်မ်မင်ဂယူနှင့် ဂျောန်ဝွန်းနူသည် ဂျိုရှုအာ၏ပြောစကားအား သဘောတကျရယ်မိကြတော့သည်။ သူတို့အနေနှင့်တားရန်၊ ရှေ့ဆက်ရန်ဘာမျှမပြောလို၊ နှစ်ဖက်လုံးသည် ကိုယ့်အစ်ကိုလိုခင်ကြရသူများဖြစ်ပေသည်လေ။ ယွန်းဂျောင်ဟန်နှင့်ဆိုပါက ဂျိုရှုအာသည်ကစားခံရမည်မှာသေချာသလောက်ပင်၊ သို့သော် အကြောင်းသိပါလျက် ရှေ့ဆက်တိုးချင်နေသည်မှာလည်း ဂျိုရှုအာကိုယ်တိုင်ဖြစ်နေသည်မလား။

Hot Chocolate Where stories live. Discover now