အပိုင်း(၁၄)

252 38 0
                                    

စကားလေးပြောရင်း သောက်ရင်းစားရင်းဖြင့် လောကစည်းစိမ်ခံစားပျော်ပါးနေကြသလိုပင်။ နည်းနည်းလည်းမှန်နေပြီဖြစ်သဖြင့် လူတိုင်း၏ပါးပြင်သည်ပန်းနုရောင်ပြေးနေလေသည်။ ဂျောန်ဝွန်းနူကိုတစ်ချက်ကြည့်ကာ ယွန်းဂျောင်ဟန်သည် ဂင်မ်မင်ဂယူအားမေးလိုက်လေသည်။

"ဒါနဲ့ မင်ဂယူကို ဝွန်းနူဘေးမှာအပြင် ကျောင်းမှာလည်းမတွေ့ဘူးနော် တပတ်လုံး"

မင်ဂယူအားမေးသည်ကို ဝွန်းနူကပြန်ဖြေလာလေသည်။

"ဟုတ်တယ် သူ့ကိုကျောင်းလည်းမလာနဲ့လို့ပြောထားတာ ကျောင်းလာရင် ကျွန်တော်နဲ့တွေ့နေမှာပေါ့"

"ဟာ မင်းကအဆိုးလေးပဲ ဝွန်းနူ"

ဂျိုရှုအာကသဘောတကျရယ်ရင်းပြောလိုက်လေသည်။ ချွဲဆွန်းချောလ်သည်လည်း ဝင်ပြောလာလေသည်။

"ဒါကိုဆိုးတယ်ခေါ်မနေနဲ့ ရှုအာရေ ဝွန်းနူနားမှာ မင်ဂယူက အလယ်တန်းကတည်းကရှိလာတာလေ အဲလိုပဲကိစ္စသေးသေးလေးကအစ ဝွန်းနူကမင်ဂယူကိုဆိုတအားနိုင်တာ ငါ့ကောင်ရေ"

"မထင်ရဘူးကွာ ဝွန်းနူကိုအေးအေးလေးထင်ထားတာ မင်ဂယူနဲ့ဆိုရင်တော့မဟုတ်တဲ့ပုံပဲ"

ယွန်းဂျောင်ဂန်သည်လည်း ဖောက်သည်ချစရာအကြောင်းများရှိနေသည်ဟူသောမျက်နှာပေးဖြင့် ပြုံးရွှင်စွာဝင်ပြောလာလေသည်။ ပြောလည်းပြော ရှုအာပခုံးကိုလည်းဖက်လာလေသည်။ ဂျိုရှုအာကတော့ ဖက်လာသောလက်ကိုကြည့်ကာ ခပ်ပြုံးပြုံးပင်။

"ဝွန်းနူက ဘယ်နားကမှအေးမနေတာပါရှုအာရေ မင်းကအခုမှခင်လို့သိပ်မသိသေးတာ ကြာရင်သိလိမ့်မယ်၊ မင်ဂယူကိုဆိုးတာတွေကတော့ပြောမနေနဲ့ သူမလုပ်နဲ့ဆိုတာကိုလုပ်တာနဲ့ ဂင်မ်မင်ဂယူတို့ချော့ပေတော့ပဲလေ စကားမပြောတာတွေ ရွဲ့တာတွေအကုန်လုပ်တာ ငါတို့တွဲဖူးတယ်လို့ပြောသေးတယ်‌လေ မင်းကို၊ ငါနဲ့ဝွန်းနူစစခင်တုန်းကထင်တယ် အဲတုန်းကလည်း မင်ဂယူက ငါနဲ့ဝွန်းနူကိုသဝန်တိုပြီး ဝွန်းနူကိုငါနဲ့မတွေ့နဲ့လို့ပြောတာ ဒီတိုင်းပဲချော့ပြောတာနော် အဲတာတောင် ဝွန်းနူကစိတ်ဆိုးပြီး ငါ့နားပဲကပ်ငါ့နားပဲနေပြတာတမင်

Hot Chocolate जहाँ कहानियाँ रहती हैं। अभी खोजें