အပိုင်း(၃၉)

235 28 4
                                    

ဒီနေ့အလုပ်သွားရတာ ဂျိုရှုအာတော့မြောက်ကြွကြွပင်။ ယွန်းဂျောင်ဟန်ပြန်ရောက်ပြီလေ။ ဒီနေ့ရုံးတက်မှာ။ ထုံးစံအတိုင်း ချောကလက်ပူတစ်ခွက်ဝင်ဝယ်တယ်။ ဒီနေ့အတွက်တော့ ယုန်ပုံစံစတစ်ကာလေးနဲ့အပူခံခွက်လေးတဲ့ပေါ့လေ။

အပြုံးခပ်ကြီးကြီးပြုံးပြီး ရုံးထဲသို့တက်ကြွစွာဝင်သွားလိုက်သည်။ ပြီးတော့ ထုံးစံအတိုင်း ယွန်းဂျောင်ဟန်ရဲ့စားပွဲပေါ်တင်ထားခဲ့သည်။ ပြီးနောက် သူ့အလုပ်စားပွဲသို့ပြန်လာကာ လုပ်စရာရှိသည်များ လုပ်နေလိုက်သည်။

ခဏအကြာ တခြားဝန်ထမ်းများလည်းရောက်လာကြလေသည်။ လူတိုင်းနီးပါး သူအလုပ်အစောလာတတ်တာသိကြသည်မို့ အထူးအဆန်းတော့မဖြစ်ကြပေ။ ဂျိုရှုအာ၏ယွန်းဂျောင်ဟန်လေးသည်လည်း အလုပ်သို့ရောက်လာပြီဖြစ်ပါ၏။ သူ့စားပွဲနှင့် မြင်နိုင်ရုံနေရာ၌ရှိသော်ငြား သူကတော့ မျက်နှာလေးမြင်ရရုံနဲ့လည်းကျေနပ်ပါ၏။

ခဏအကြာ ယွန်းဂျောင်ဟန်ဆီမှစာဝင်လာလေသည်။ ရုံးခန်းထဲတွင်သူ့ကိုလာတွေ့ရန်သာ။ ဂျိုရှုအာလည်း လုပ်လက်စများပစ်ချထားခဲ့ကာ အမြန်သွားလိုက်လေသည်။ တံခါးခေါက်လိုက်ပြီး ဝင်ခဲ့ပါဟူသောအသံကြားမှသာ ဖွင့်ဝင်သွားလိုက်လေသည်။

"ဝင်ဝင်ချင်း ယွန်းဂျောင်ဟန်က ပြေးဖက်ကာ သူ့ပါးအား အနမ်းပိစိလေးတွေအများကြီးပေးပါ၏။ သူကလည်း ယွန်းဂျောင်ဟန်ရဲ့ခါးလေးကို အားရပါးရဖက်လိုက်ပြီး ပါးအိအိလေးကို နစ်ဝင်အောင် နမ်းလိုက်ပါသည်။ ထို့နောက် နှစ်ယောက်သားအကြည့်ချင်းဆုံမိကြပြီး ရင်ခုန်ဖွယ် အနမ်းတစ်ခုအစပျိုးရန်နီးကပ်ကြပါ၏။

နှုတ်ခမ်းနှစ်လွှာ ထိလိုက်မိရုံအချိန်ပဲရှိသေး Alarm မြည်သံကြောင့်ပျက်စီးသွားတယ်လေ။ ကဲကြည့် အစအဆုံး အိပ်မက်တဲ့။

စိတ်ပျက်သွားမှုကို ဘေးဖယ်ပြီး အိပ်ရာမှထမယ်လည်းလုပ်ရော လူကမိုက်ကနဲဖြစ်သွားလေသည်။ နိုးနိုးချင်း အိပ်မက်ကြောင့် ကြည်နူး၊ အားမလိုအားမရဖြစ်နေတာနဲ့ သူ့အခြေအနေသူသတိမထားမိဖြစ်သွားတာ။

ခေါင်းကလည်းမူးနေပြီး နှုတ်ခမ်းတွေ၊ အာခေါင်တွေကလည်းခြောက်သွေ့နေလေရဲ့၊ မသင်္ကာစွာနဖူးကိုစမ်းကြည့်လိုက်မိလေတော့ ‌သူ့အထင်သေချာပါ၏။ ဖျားနေပြီလေ။

Hot Chocolate Kde žijí příběhy. Začni objevovat