အပိုင်း(၅)

204 30 2
                                    

ဂျိုရှုအာရပ်တန့်သွားလေသည်။ ကခုန်နေသည့်ချယ်ရီသီးလေးဟုတင်စားရမလိုပင်၊ ပါးပြင်နှစ်ဖက်အပူရှိန်အပြင် နှလုံးခုန်သံသည်လည်း ဆူညံလျက်။ ယွန်းဂျောင်ဟန်ကပင်ဆက်ပြောလာလေသည်။

"စိတ်ဆိုးတဲ့သူမြင်ဖူးလို့လေ အဲကြောင့်"

"ရှုအာ"

"ရှုအာ"

"ဟေး ရှိနေသေးလား"

နောက်ဆုံးတွင်တော့ ဂျိုရှုအာပုံမှန်နီးပါးပြန်ဖြစ်သွားကာ အသိစိတ်လည်းပြန်ကပ်လျက် ပြန်ဖြေလိုက်လေသည်။

"ဟင် ဟင် ရှိတယ်ရှိတယ် ရေချိုးတုန်းကနားထဲရေဝင်သွားတာထင်တယ် နားအူ‌သွားလို့ရုတ်တရက်"

"ဟျောင့် အဆင်ပြေရဲ့လား"

ယွန်းဂျောင်ဟန်၏စိတ်ပူနေသောအသံကိုကြားရသော် သူလိမ်လိုက်ရသည်ကိုပင် စိတ်မလုံမဖြစ်မိတော့၊ ကျေနပ်မိသွားသည်။

"အဆင်ပြေတယ် အခုရသွားပြီ"

"ဪအေ အဆင်ပြေသွားလို့တော်သေးတာပေါ့ အဲဆိုအိပ်တော့လေ နောက်ကျမှအိပ်ရင်မကောင်းဘူး"

ယွန်းဂျောင်ဟန်မှထိုသို့ပြောလေသော် ၁နာရီကျော်မှအိပ်လေ့ရှိသောဂျိုရှုအာသည်-

"အင်းအိပ်မယ် မင်းလည်းအိပ်တော့"

"အေအေ ဂွတ်နိုက် ရှုအာ"

"ဂွတ်နိုက် ဂျောင်ဟန်"

ထို့နောက်ဖုန်းချလိုက်လေသည်။ ကုတင်ပြောမှဂျိုရှုအာတစ်ယောက်သည်တော့ အိပ်ယာခင်းများတွန့်ကြေသည်အထိ လူးလိမ့်လိုက်မိသည်။ သူ့ဗိုက်ထဲလိပ်ပြာလေးတွေပျံနေသလိုပင်။ သူအလွန်ပျော်မိသည်။ စကားတွေလည်းအကြာကြီးပြောရသလို အလွမ်းလည်းပြေရသည်၊ စိတ်ပူနေသောအသံလေးကိုလည်းကြားရသည်၊ ရယ်သံလွင်လွင်လေးကိုလည်းနားစိုက်မိသည်။ သူမနက်ဖြန်သို့မြန်မြန်ရောက်ချင်မိသည်။သို့မှသာ ဂျောင်ဟန်အားမြန်မြန်တွေ့ရမည်ပင်။ ယခုတော့သူအိပ်ရပေးမည်။ ဂျောင်ဟန်ကအိပ်ခိုင်းထားသည်မဟုတ်လား။

-----

နောက်တစ်နေ့-

ဂျိုရှုအာတစ်ယောက်ထူးထူးဆန်းဆန်းပင် မနက်၅နာရီခန့်ကတည်းကနိုးနေကာ ရေချိုးအဝတ်လဲပြင်ဆင်နေလေသည်။ အားလုံးပြီးချိန်တွင်တော့ ၆ခွဲနီးပါးရှိနေလေပြီ။စောနေသေးသောအချိန်ပင်ဖြစ်သော်ငြား ဂျိုရှုအာစိတ်တို့သည်တော့ အလွန်ပင်ကြည်လင်နေလေသည်။ သူယွန်းဂျောင်ဟန်နှင့်တွေ့ရမည်ဖြစ်သည်ကိုး။မနေ့ကဝယ်လာသော ဟင်းချက်စရာများ၊ပစ္စည်းများအား မနေ့ကတည်းကနေရာချပြီးဖြစ်သောကြောင့် ယခုမနက်စာစားဖို့ပြင်ဆင်ရန်အချိန်တွင် အလုပ်တော့သိပ်မရှုပ်ပေ။ သို့သော်လည်း သူရိုးရိုးရှင်းရှင်းမနက်စာကိုသာပြင်ဆင်မည်ဖြစ်သည်။

Hot Chocolate Dove le storie prendono vita. Scoprilo ora