အပိုင်း(၃၂)

196 26 4
                                    

ဂျိုရှုအာသည် သူအိမ်ထဲသို့ မည်သို့ပြန်ရောက်လာမှန်းကိုမရေရာပါပေ။ ယွန်းဂျောင်ဟန်ကအရင်ပြန်နှင့်ခြင်းဖြစ်သည်မို့ သူတို့စားပွဲသောက်ပွဲကတော့မပြီးသေးပေ။ စကားတွေပြောနေရင်း ရယ်မောနေကြသော သုံးယောက်ကိုရပ်ကြည့်ရင်း ဂျိုရှုအာစိတ်ထဲ မွန်းကြပ်လာရသည်။

တနေ့သည်လိုဖြစ်မယ်မှန်းသိသော်ငြား လက်တွေ့ကြုံလိုက်ရတော့ သူ့တွင်ထင်ထားခဲ့သလိုခံနိုင်ရည်တို့ရှိမနေပေ။ တဆစ်ဆစ်ကိုက်ခဲနေခြင်းသည် သူ့နှလုံးသားကဖြစ်ဟန်တူပါ၏။ ဂျိုရှုအာဟက်ခနဲရယ်မောလိုက်မိသည်။

"မင်းက ဘာတွေများမျှော်လင့်နေတာလဲ ဟုန်းဂျီဆူးရာ"

မိမိကိုယ်ကို မချိတင်ကဲ ရေရွတ်မိပါ၏။ ထို့နောက် ဝိုင်းဆီသို့ပြန်သွားထိုင်လိုက်ကာ ပုံမှန်အတိုင်းနေရန်ကြိုးစားမိပါ၏။ အချိန်တခုထိတူတူရှိနေကြသော သူငယ်ချင်းတွေကတော့ သူအဆင်မပြေတော့မှန်းရိပ်စားမိသွားကြ၏။

ဝေါန်းနူ - "ဟျောင်း ဘာဖြစ်တာလဲ ဘာကိစ္စရှိလို့လဲ"

မင်ဂယူ - "ဟုတ်တယ် ဟျောင်း ကျွန်တော်လည်းမေးတော့မလို့ ဟျောင်း မျက်နှာမကောင်းဘူး ဂျောင်ဟန်ဟျောင်းနဲ့ ဘာဖြစ်လာတာလဲ"

ချွဲဆွန်းချောလ်သည်လည်း အေဟုတ်တယ်ဘာဖြစ်တာလဲဟူသော အကြည့်ဖြင့်ရှုအာကိုကြည့်လာလေသည်။ အားလုံးရဲ့အမေးကိုဖြေနိုင်စွမ်းရယ်လို့ သူ့တွင်မရှိ။ ခပ်ငိုင်ငိုင်မျက်နှာဖြင့်သာ ခွက်အပြည့်မော့ချမိပါ၏။ လည်ချောင်း၌ပူဆင်းသွားသော အရသာကြောင့်ထင်ပါရဲ့။ ခံစားရတာ သက်သာသွားသလိုပါပင်။ ဘာစကားမှမပြောလာပဲ နောက်တခွက်မော့ရန်ပြင်မိလေတော့ ဆွန်းချောလ်က လက်ကိုဖမ်းဆုပ်လာကာ -

"ဂျိုရှုအာ ဘာအရူးထနေတာလဲ ဘာဖြစ်နေတာလဲမပြောပဲ လှိမ့်သောက်မနေနဲ့ ငါတို့ကိုမင်းသူငယ်ချင်းလို့ သတ်မှတ်သေးရင် ဘာဖြစ်နေလဲ အခုပြော"

ချွဲဆွန်းချောလ် ဂရုဏာဒေါသောဖြင့်အော်ပြောမိ၏။ ဆက်ငိုင်နေသော ဂျိုရှုအာကိုကြည့်ကာ ချွဲဆွန်းချောလ် တခုခုကိုရိပ်စားမိသွားပါ၏။ သူ့အထင်ကိုပြောမယ်ကြံနေတုန်း ဂျိုရှုအာက ပြောလာလေသည်။

Hot Chocolate Where stories live. Discover now