အပိုင်း(၃၅)

239 22 10
                                    

ထိုနေ့မှစပြီး ဂျိုရှုအာက သူ့စိတ်သူအမြဲ သတိပေးနေခဲ့သည်။ ထို့ကြောင့်ပင် ယွန်းဂျောင်ဟန်အား သူတမင်ရှောင်နေခဲ့၏။ တတ်နိုင်သမျှ အလုပ်ကိစ္စဖြင့်သာ ဆက်သွယ်ပြောဆိုလေသည်။ သူ့အတွက် ထိခိုက်ရှနာနည်းမည့်နည်းလမ်းကို သူကိုယ်တိုင်ပဲ တွေးတောရသည်လေ။

နေနိုင်လွန်း၍တော့မဟုတ်။ တခါထိတွေ့ကြုံဆုံဖူးသော ခံစားချက်အထိအတွေ့‌တို့သည် လွမ်းစိတ်ကိုပိုတိုးစေသလိုပင်။ နီးရာကိုသူကိုယ်တိုင်လျှောက်လှမ်းခဲ့သည်မို့ ဝေးရာကိုလည်း သူကိုယ်တိုင်ပဲစွန့်ခွာချင်ပါ၏။ သို့သော်ငြား နီးရာရောက်‌လာစေသည့်အကြောင်းရင်းသည် သူ့ကိုအနီးသို့ဆွဲခေါ်လာသော ယွန်းဂျောင်ဟန်ကိုယ်တိုင်ဖြစ်နေလေရာ သူ့အနေနဲ့ ယွန်းဂျောင်ဟန်ကို မစွန့်လွှတ်နိုင်ဖြစ်နေလေသည်။

အနီးကပ်ဆုံးအခြေအနေကိုရောက်ခဲ့ဖူးပြီမို့ ယခုလိုအကွာအဝေးတခု၊စည်းတခု ကန့်သတ်လိုက်မိလေသော် ဂျိုရှုအာအတွက် ဘယ်အရာကမှ မလွယ်ကူတော့သလိုပင်။ အလုပ်နဲ့ကိုယ်ရေးကိုယ်တာခွဲနိုင်သော သူကိုယ်တိုင်နှင့် ယွန်းဂျောင်ဟန်ကိုလည်း ကျေးဇူးတင်မိလေ၏။

သူတို့သည် ပုံမှန် အထက်လူကြီး၊ လက်အောက်ငယ်သား ဆက်ဆံရေးမျိုးဖြင့် ရှေ့ဆက်နေပါ၏။ သို့သော်ငြား တည်ငြိမ်နေပြီဟု မှတ်ယူခဲ့သော သူ့ခံစားချက်တို့သည် ယွန်းဂျောင်ဟန်ကိုတွေ့လျှင် လှိုင်းထလာ၏။ ဆိုဖီနှင့်‌ပြုံးပျော်နေသော ယွန်းဂျောင်ဟန်ကိုတွေ့ပါက မွန်းကြပ်လာ၏။ သူကိုယ်တိုင်အတွက်၊ သူ့ခံစားချက်တွေအတွက် ယွန်းဂျောင်ဟန်နှင့် ဝေးရာကိုသွားလိုသော်ငြား သွားခွင့်မပြုသည်ကလည်း ယွန်းဂျောင်ဟန်ကိုယ်တိုင်ပင်။

သိပ်မကြာခင်ရက်ကပင် သူတို့ဌာနသို့ အလုပ်သင်လေး၂ယောက်ရောက်လာခဲ့သည်။ ဂျိုရှုအာကအမြဲတမ်းဝန်ထမ်းဖြစ်သွားပြီမို့ ထိုအလုပ်သင်များထက်စာရင် သူကစီနီယာပင်။ ထို့ကြောင့်ပင် တချို့အတွေ့အကြုံများကိုသူကပြန်သင်ပေးဖြစ်လေသည်။ တခြားသူ့ထက်ဝါရင့်သူများကလည်း ဂရုတစိုက်ရှိလှလေသည်။ သူ့တုန်းကလည်း အဲလိုပဲသင်ပြခဲ့ကြခြင်းဖြစ်လေသည်။

Hot Chocolate Where stories live. Discover now