အပိုင်း(၄၀)

255 31 5
                                    

ဒီလိုတင်းကျပ်ကျပ်ခံစားချက်မျိုးကြီးကို ဂျိုရှုအာတကယ်ကိုမကြိုက်လှပါ။ ဒီလိုခံစားချက်ဖြစ်လာအောင် သူချစ်ရတဲ့ယွန်းဂျောင်ဟန်လုပ်သည်မို့ ပိုမကြိုက်လှပါ။ သူ့အတွေးတွေက ဗလာဖြစ်နေသလို တချိန်တည်းမှာပဲ ရှုပ်ထွေးလွန်းနေတယ်လို့ခံစားနေရသည်။ ဖြစ်နိုင်သည်မှာ တွေးစရာတွေများလွန်းလို့ ဗလာဖြစ်တဲ့ခံစားချက်ကြီးဝင်လာတယ်ထင်ပါရဲ့။

သူ့အနေနဲ့ ဖြေရှင်းချက်တစ်ခုတော့လိုချင်မိသည်။ ယွန်းဂျောင်ဟန်က သူတို့ဆက်ဆံရေးကိုသူငယ်ချင်းဆိုတဲ့ခေါင်းစဉ်အောက်မှာ ပိတ်ထားပေမယ့် ယွန်းဂျောင်ဟန်ရဲ့အချစ်တွေကိုသူခံစားမိခဲ့သည်လေ။ ဖြစ်နိုင်ရင်အခုချက်ချင်း ဒါဘာတွေလဲ၊ သူတို့ပြောနေတာဘာအကြောင်းတွေလဲဆိုတဲ့မေးခွန်းမျိုးတွေ သွားမေးလိုက်ချင်ပေမယ့် အဲလိုအဆင်အခြင်မဲ့တဲ့ လုပ်ရပ်မျိုးကိုလည်း သူ့အသိစိတ်ကလက်မခံနိုင်ဘူး။

အဲတာကြောင့် ရုံးဆင်းချိန်ကိုသူစောင့်ဆိုင်းလေသည်။ တနေကုန်နေရတာစိတ်ကအဆင်မပြေ၊ စိတ်ကအဆင်မပြေတော့ ဘာအလုပ်မှ ထင်သလောက်မတွင်ကျယ်သလိုပင်။

ယွန်းဂျောင်ဟန်ကပုံမှန်ဆန်လွန်းနေလို့ သူ့စိတ်တွေပိုပြီးရှုပ်ထွေးရသည်။ ယွန်းဂျောင်ဟန်ဟာ ပုံမှန်အတိုင်းပြုံးနေပြီး သူ့ကိုလည်းပုံမှန်အတိုင်းဆက်ဆံလေသည်။ အလုပ်တွင် အထက်လူကြီးနှင့်လက်အောက်ငယ်သားဆက်ဆံရေးဆိုပေမယ့်လည်း သူ့ကိုရှောင်ဖယ်နေတာမျိုးမရှိပေ။ သူကိုယ်တိုင် သူ့နားနဲ့ဆက်ဆက်ကြားထားသည်သာမဟုတ်လျှင် လျှောက်ပြောနေတယ်လို့တောင် ထင်မိတော့မှာ။ သူကိုယ်တိုင်လည်း သူနားကြားမှားတယ်ဆိုတာမျိုးသာ ဖြစ်ချင်မိသည်။

တနေကုန် ဟိုလိုဒီလိုအတွေးတွေများပြီးနောက်မှာတော့ ရုံးဆင်းချိန်ရောက်လာခဲ့သည်လေ။ ယွန်းဂျောင်ဟန်ကို ပြောစရာတွေမေးစရာတွေ သူ့မှာတပုံတပင်။ ပင်ပန်းရတဲ့‌တနေ့တာကို ထည့်မတွက်တောင် သူ့မှာမောပန်းလှပြီ။

ယွန်းဂျောင်ဟန်ဆီတိုက်ရိုက်ပင်ဖုန်းခေါ်လိုက်ပြီး ဆွန်းချောလ်တို့ဆိုင်လာခဲ့ရန်ပြောလိုက်လေသည်။ သူ့အနေနဲ့ ရပ်စောင့်နိုင်တဲ့အင်အားမရှိ၍သာ။

Hot Chocolate Unde poveștirile trăiesc. Descoperă acum