အပိုင်း(၁၈)

171 23 0
                                    

ချွဲဆွန်းချောလ်၊ ဂျောန်ဝွန်းနူနှင့် ဂင်မ်မင်ဂယူတို့သုံးယောက်သည် အလန့်တကြားပင် အော်လိုက်မိကြလေသည်။ မနေ့ကတင်အချိန်မရှိသေး၍ဖွင့်ပြောရန်စဉ်းစားနေသည်ဟုပြောနေသော ဂျိုရှုအာသည် မည်သို့မည်ပုံကြောင့် ယနေ့တွင်ချက်ချင်း ယွန်းဂျောင်ဟန်နှင့်တွဲသည်ဟူ၍ဖြစ်သွားကြသနည်း။ အကယ်၍များဖွင့်ပြောမည်ဆိုပါက သူတို့နှင့်အရင်တိုင်ပင်လိမ့်မည်ဟုထင်ထားသည်ပင်။ သူတို့ကိုစနေခြင်းပေလားဟူ၍ သုံးယောက်လုံး၏အတွေးသည် တူညီနေလေတော့သည်။

သူတို့သုံးယောက်၏အတွေးကသည်သာ အမျိုးမျိုးအရောင်စုံနေသော်ငြား သူတို့ရှေ့တွင်ထိုင်နေသောနှစ်ယောက်သည်တော့ တွဲနေကြောင်းပြောပြီးသည်နှင့် သူတို့အချင်းချင်းသာဂရုစိုက်‌နေကြတော့သည်။

ယွန်းဂျောင်ဟန်သည် လက်အမူအရာများနှင့် စကားများတဖွဖွပြောနေလျက် ဂျိုရှုအာကတော့ ယွန်းဂျောင်ဟန်အားလက်တဖက်ထောက်၍ကြည့်နေလေသည်။ ထို့အပြင် ဝဲကျနေသောဆံပင်များကိုသပ်တင်ပေးလိုက်၊ ပါးလေးကိုဆွဲလိုက်ဖြင့် သူလည်းမအားရပါချေ။ သူတို့၏ပုံစံကိုကြည့်ကာ ကျန်သုံးယောက်သည် စနေသည်ဟူသောအတွေးအားပယ်ချလိုက်ရလေသည်။ ခေါင်းရှုပ်ခံ၍လည်းမစဉ်းစားချင်တော့၍ ချွဲဆွန်းချောလ်ကသာဦးဆောင်ကာမေးလိုက်လေတော့သည်။

"ဘာတွေက ဘယ်လိုဖြစ်သွားတာလဲပြောဦးလေ မနေ့ကဂျောင်ဟန်ကရှုအာကိုစင်ပေါ်မှာ နမ်းလိုက်တယ်တဲ့ ဒီနေ့ကျမင်းတို့ကတွဲသွားတယ် မနေ့ကထိ နမ်းတာတစ်ခုအပြင် ဘာအကြောင်းမှတောင် ရေရေရာရာငါ့မယ်မသိလိုက်ရဘူး ဒီနေ့ကျတော့ရည်းစားတွေတဲ့ ငါ့ကိုလည်းရှင်းပြကြပါဦး"

ချွဲဆွန်းချောလ်ကပြောလေတော့ ဂျောန်ဝွန်းနူနှင့် ဂင်မ်မင်ဂယူကလည်း ပုတ်သင်ညိုလေးများသဖွယ် ခေါင်းကိုပြိုင်တူညိတ်ပြလာသည်မှာ ချစ်စရာပင်။ သူတို့ထိုသို့ပြောလာမှသာ သူတို့ရှေ့၌ ကလူကျီစယ်နေသောအသစ်စက်စက်အတွဲသည်လည်း သူတို့ထံအာရုံပြန်စိုက်လာလေသည်။

ယွန်းဂျောင်ဟန်သည် ဂျိုရှုအာ၏လက်မောင်းကိုချိတ်တွယ်ဖက်လိုက်ပြီး ပခုံးပေါ်ခေါင်းလေးတင်ကာပြောလိုက်လေသည်။

Hot Chocolate Where stories live. Discover now