အပိုင်း(၁၂)

179 28 0
                                    

ဂျိုရှုအာသည် ယွန်းဂျောင်ဟန်၌လက်ရှိတွင်ရည်းစားမရှိဟုသာသိထားခြင်းဖြစ်လေသည်။ သူငယ်ချင်းများနှင့်အတူရှိချိန်များသော်လည်း ပုံမှန်ဆိုလျှင် ယွန်းဂျောင်ဟန်သည် ဂျိုရှုအာတို့နှင့် ပိတ်ရက်လည်လေ့မရှိပေ။ သူ့ရည်းစားတစ်ယောက်ယောက်နှင့်သာ အပြင်ထွက်လေ့ရှိသည်ဖြစ်သည်။

ထို့ကြောင့် မနေ့ကယွန်းဂျောင်ဟန်လည်မည်ပြောသောကိစ္စသည် သူ့အတွက်ပျော်စရာပင်ဖြစ်နေလိုက်သေးသည်။ ဘယ်လိုပဲဖြစ်ဖြစ် လက်ရှိတွင် ယွန်းဂျောင်ဟန်သည် ပိုင်ရှင်မရှိ ဆိုပြီးတော့ပေါ့။ ယခုမည်သို့မည်ပုံပင်မသိ၊ ဂျိုရှုအာ နေသားကျနေပြီဖြစ်သော်ငြား နာကျင်သွားသလိုပင်။

"ဒါပေမယ့် အားလုံးပြောနေကြတာပဲလေ Oppaကိစ္စကစုံစမ်းစရာတောင်မလိုဘူး သိနေရတာပဲကို တပတ်တောင်ကျော်ပြီ ရည်းစားမရှိဘူးဆို"

"သူတို့ပြောတိုင်း ပြောသလိုဖြစ်ရောလား ကိုယ်ကကာယကံရှင်လေ ချယ်"

ပြုံးစစနှင့်အေးဆေးပြောနေသော ယွန်းဂျောင်ဟန်သည် ရုတ်တရက်ဂျိုရှုအာဘက်သို့လှည့်လာလေသည်။

"ဟုတ်တယ်မလားရှုအာ ချယ် မင်းဘယ်ကနေဘာတွေကြားလာမှန်းမသိပေမယ့် ဒါငါ့ရည်းစား"

ယွန်းဂျောင်ဟန်ဆိုလိုက်ကာ ဂျိုရှုအာ၏လက်အားဆွဲလိုက်လေသည်။ ဂျိုရှုအာ၏မျက်ဝန်းအစုံသည် ယွန်းဂျောင်ဟန်ဘက်သို့လှည့်ကာ ပြူးကျယ်သွားသလားပင်မသိ။ ဂျိုရှုအာ၏ရင်ခုန်သံညွှန်းကိန်းများမှားသွားသလိုပင်။

ယွန်းဂျောင်ဟန်ကတော့ထိုကောင်မလေးကိုသာ ကြည့်နေကာ 'တွေ့တယ်မလား'ဟူ‌သောမျက်နှာပေးနှင့်ပင်။

ဂျိုရှုအာအနေနှင့်တော့ ယွန်းဂျောင်ဟန်တွင်ရည်းစားမရှိသေးဟူသည့်အကြောင်းရာသည် သူ့အား စိတ်အေးသွားရစေပါသည်။

ဂျိုရှုအာသိလိုက်ပါသည် ယွန်းဂျောင်ဟန်သည်ယခုအခြေအနေမှလွတ်အောင် သူ့အားအသုံးချလိုက်မှန်း။သို့သော် သူ့လက်ထဲတွင် အံဝင်ခွင်ကျ‌ဖြစ်နေသော ယွန်းဂျောင်ဟန်၏လက်ကလေးဆီမှ နွေးထွေးမှုသည် သူ့နှလုံးသားဆီသို့တိုက်ရိုက်စီးဝင်သွားသလိုပင်။ ထို့နောက် သူသည် ယွန်းဂျောင်ဟန်၏ပြဇာတ်သို့ လိုက်သရုပ်ဆောင်ပေးလိုက်လေသည်။

Hot Chocolate Where stories live. Discover now