အပိုင်း(၃၀)

240 29 7
                                    

ဒီနေ့သည် ဂျိုရှုအာစောင့်ဆိုင်းနေရပါသော သူ့နတ်သားလေး၏ မွေးနေ့ဖြစ်လေသည်။ ဘာမျှထူးထူးခြားခြားမပြင်ဆင်ထားသော်ငြား ပြင်ဆင်ထားသော အသေးအမွှားလေးကြောင့် သူစိတ်လှုပ်ရှားနေမိပါ၏။

မနက်ခင်းပိုင်းတွင် assignment ထပ်စရာရှိသဖြင့် ကျောင်းလာရလေသည်။ ယွန်းဂျောင်ဟန်သည် လူချစ်လူခင်ပေါလှသဖြင့် သူ့မွေးနေ့မှန်းသိသူများက မွေးနေ့ဆုတောင်းများအပြင် တချို့ဆိုလျှင် လက်ဆောင်များပါပေးကြလေသည်။

ဆိုဖီဆိုသော မိန်းကလေးသည်လည်း ကျောင်းထိပင်လိုက်လာကာ ယွန်းဂျောင်ဟန်အား နာရီတလုံးလက်ဆောင်ပေးလေသည်။ ယွန်းဂျောင်ဟန်သည် လက်ခံယူလိုက်ကာ ထိုနှစ်ယောက်၏ဆက်ဆံရေးကတော့ အရင်လိုပါပင်။ ဂျိုရှုအာစိတ်ထဲဘဝင်မကျသော်ငြား ချစ်ရသူ၏မွေးနေ့လေးဖြစ်သည်မို့ စိတ်ကိုအတတ်နိုင်ဆုံး ကြည်လင်စွာနေလေသည်။

မွေးနေ့ပွဲဟူ၍တသီးတသန့်ကြီးမလုပ်တော့ပဲ သူတို့ငါးယောက်သာ ညနေစားသောက်ပွဲ အသေးလေးသဘောဖြင့် special fridayနှင့် မခြားစွာ ကျင်းပရန် တိုင်ပင်ထားကြလေသည်။

ထို့ကြောင့် ငါးယောက်လုံး ညနေအချိန်ကို အားအောင် တနေကုန်လုပ်စရာရှိသည်များအပြီးလုပ်ထားကြလေသည်။ ဒီနေ့တော့ ယွန်းဂျောင်ဟန်က အကုန်ဒကာခံကာ စားသောက်စရာများကိုလည်း ကိုယ်တိုင်ဝယ်ခြမ်းမနေတော့။

အမှန်တကယ်တမ်းတော့ ယွန်းဂျောင်ဟန်သည် သူဌေးသားလေးဖြစ်လေသည်။ ‌သူ့အဖေသည် ကိုးရီးယား၏နာမည်ကြီး အားကစား ကုမ္ပဏီဖြစ်သည့် Yoon Sports company ပိုင်ရှင်ဖြစ်ကာ ယခုလက်ရှိအိမ်သည် ယွန်းဂျောင်ဟန်အမည်ပေါက်ဖြင့် ယွန်းဂျောင်ဟန်၏ ကိုယ်ပိုင်အိမ်ပင်ဖြစ်လေသည်။ ပုံမှန်ဆိုလျှင် ထိုကဲ့သို့ သူဌေးသားလေးများသည် မွေးနေ့ပွဲကြီးကျင်းပကာ စီးပွားရေးဆန်ဆန် ညစာစားပွဲမျိုးလုပ်ရလေ့ ရှိသော်လည်း ယွန်းဂျောင်ဟန်ကတော့ အေးဆေးပင်။ သူ့အဖေကပဲ သူ့ကိုချစ်၍အလိုလိုက်သည်လား၊ မလိုအပ်၍ပဲလားတော့မသိ။

သို့သော်လည်း ဂျိုရှုအာကတော့ ဒါတွေကိုအချိန်ကုန်ခံလိုက်တွေးမနေတော့ပါ၊ ဘာပဲဖြစ်ဖြစ် သူ့ကောင်လေးက သူ့အနားမှာရှိနေနိုင်သည့်နေ့ရက်တွေထဲက တရက်ဖြစ်နေတုန်းပဲမလား။

Hot Chocolate Where stories live. Discover now