အပိုင်း(၁၉)

180 27 0
                                    

ဂင်မ်မင်ဂယူသည် ရုတ်တရက်ဆွဲလှည့်ခံရ၍ ကျရောက်လာမည့်လက်အား မကာလိုက်နိုင်။ သူ့ပါးနားရောက်ခါနီးလက်အား သူ့ဘေးရှိကြောင်ဖြူလေးမှ လှမ်းဆွဲပြီးဆောင့်ချလိုက်၍တော်သေးသည်။ နို့မို့ဆို သက်သာလှမည်မဟုတ်။ သို့သော် ထိုကြောင်ဖြူလေးဂျောန်ဝွန်းနူသည် လက်ကိုခါချချပြီးချင်းပင် ‌မတ်တပ်ထရပ်ကာ ရေခဲရိုက်အသံဖြင့် ပြောလိုက်လေသည်။

ဂျောန်ဝွန်းနူ: "ဂျီဟေး တော်သင့်ပြီ၊ငါတို့သူငယ်ချင်းဆက်ဆံရေးက ဒီလောက်အတုအယောင်ဆန်နေမှန်းသိရင် ငါနင်နဲ့အရင်ကတည်းကခင်ခဲ့မှာမဟုတ်ဘူး၊ ဂင်မ်မင်ဂယူထက် ငါနဲ့အရင်ခင်ခဲ့တာကိုတောင် ငါတစ်ယောက်လုံးကိုမမြင်တဲ့ထိ ဒီကောင့်ကိုနင်မွှန်နေတာမလား၊ ငါ့ရှေ့မှာ‌ ငါ့မကောင်းကြောင်းပြောနေတာတောင် လက်ခံနေတာတော်တော်များနေပြီ၊ နင်ကလက်ပါလာရအောင် နင်အခုဘာတွေလာလုပ်နေတာလဲဆိုတာ နင့်ကိုယ်နင်ကောသိလား"

ပုံမှန်ထက်ပင်တည်ငြိမ်ကာ အေးစက်နေပုံသည် ပြောခံရသူအဖို့ အမှန်ပင်စိတ်ကသိကအောက်ဖြစ်စေလေသည်။ ထိုမိန်းကလေးသည် ဂျောန်ဝွန်းနူပြောသည်အား သူ့အမှားဟုတချက်ပင်မခံစားရပဲ ပြောလာလေသည်။

"ငါပြောတာဘာမှားနေလို့လဲ နင်သူ့ကိုမကြိုက်ပဲ ကြိုးရှည်ရှည်လှန်ထားတာ ငါတို့နှစ်ကလူအကုန်သိတယ်၊ ငါပြောမှနာပြမနေနဲ့ နင်အဲလိုတွေလုပ်နေလို့ ငါ့ကိုမင်ဂယူက အခွင့်အရေးလေးတောင် တခါမပေးပဲငြင်းလိုက်တာလေ၊ ငါ့လိုမိန်းကလေးကို နင်လိုကောင်အတွက်နဲ့လေ"

ဂျီဟေး၏စကားများသည် ဂင်မ်မင်ဂယူအပါအဝင် ဂျိုရှုအာတို့သုံးယောက်ကိုပါစိတ်တိုလာစေသည်။ သို့သော် ကာယကံရှင်ဂျောန်ဝွန်းနူသည်တော့ ဘာမျှမခံစားရသည့်ပုံဖြင့် တချက်ပင်ခနဲ့သလိုရယ်လိုက်သေးကာ ယခုဏကထက်ပို၍အေးဆေးသော အသံဖြင့်ပြောလိုက်လေသည်။

"နင့်ကိုပြောရမှာအားနာပေမယ့် ဂင်မ်မင်ဂယူကြိုက်တာငါတစ်ယောက်တည်း နင်ဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူး၊ ငါသူ့ကိုကြိုက်ကြိုက် မကြိုက်ကြိုက် နင်နဲ့ဘယ်တော့မှဆိုင်လာမှာမဟုတ်ဘူး ဂျီဟေး၊ ငါ့ကိုနင့်ဘာသာနင် ဘယ်လိုပြောပြော ဘယ်လိုပုတ်ခတ်ပုတ်ခတ်ရတယ် စိတ်လည်းမဝင်စားဘူး ခေါင်း‌ထဲထည့်ဖို့လောက်ထိလည်းမတန်ဘူးလို့ခံစားရလို့၊ ဒါပေမယ့် အဲလိုဆိုတိုင်း ဂင်မ်မင်ဂယူကိုထိလို့ရတယ်လို့မဆိုလိုဘူး၊ နင်ပြောတဲ့စကားကိုလွန်တယ်ထင်လို့ သူကပြန်ပြောရုံပဲ၊ နင်ရှက်ရမ်းရမ်းပြီး လုပ်ချင်တိုင်းလုပ်နေရအောင် ဂင်မ်မင်ဂယူကနင့်အပိုင်မဟုတ်ဘူး ငါ့အပိုင်"

Hot Chocolate Where stories live. Discover now