အပိုင်း(၂)

306 39 0
                                    

ထိုင်ပင်မထိုင်ရသေး အရက်ခွက်နှင့်ကြိုဆိုခံရသည်အား ဂျိုရှုအာ ပျော်ရမည်လား၊ ငိုရမည်လားပင် တွေးရခက်နေတော့သည်။ ဂျိုရှုအာ၏အရက်ခံနိုင်ရည်အားသည် အဆိုးကြီးမဟုတ်သဖြင့် ကမ်းလာသောခွက်များအားအေးဆေးပင်သောက်ကာ စကားပြန်လိုက်လေသည်။

"တော်စမ်းပါကွာ မသိရင်ငါကပဲဘယ်မှမသွားသလိုနဲ့ ကျောင်းမှာမရှိတာ ငါလားမင်းတို့လား ငါကျောင်းကိစ္စပြီးတော့ မင်းတို့ပဲလေလွင့်နေပြီး ဖုန်းဆက်တော့ ပျော်ပါးနေတဲ့ကောင်တွေကများ လစ် ဟျောင့်တွေ"

ထိုအခါသူငယ်ချင်းတစ်သိုက်ရယ်ကျဲကျဲဖြင့်

"စတာပါကွာ ငါ့ကောင်ကြီးကလည်း မတွေ့ရတာ‌ကြာတော့ ချောလာသား"

"အေ့ကွ LAသားကြီးကွာ တကယ်ချောလာလိုက်တာ"

ဘေးမှနားထောင်နေသော ချွဲဆွန်းချောလ်တစ်ယောက် နောက်ဆုံးတွင်မနေနိုင်တော့ဟန်

"‌ဟျောင့်တွေရေ တော်ရုံပဲကောင်းတယ်၊ ရွံစရာကောင်းတာတွေထပ်မပြောနဲ့တော့ အန်မိတော့မယ်"

ဂျိုရှုအာသည် ဘေးတွင်ရပ်နေသောချွဲဆွန်းချောလ်အား ချစ်ခင်စွာပင် ရိုက်ချလိုက်လေတော့သည်။ တဖွဲ့လုံးပွဲကျသွားကာ စလိုက်နောက်လိုက်ဖြင့်ပင် ထိုင်စရာနေရာသို့သွားကြလေသည်။ ရောက်စကအတူရှိနေသော ယွန်းဂျောင်ဟန်ပင် ဘယ်ရောက်သွားသည်ကိုမသိလိုက်၊ စားပွဲဝိုင်းသို့ရောက်မှသာ ထိုသူကအရင်ထိုင်နှင့်နေမှန်းတွေ့လိုက်ရလေသည်။ ကြည့်ရသည်သာ ဂျိုရှုအာတို့သူငယ်ချင်းများ ပြန်လည်တွေ့ဆုံကြခြင်းအပေါ် လွတ်လပ်စေရန်ရည်ရွယ်သည်ထင်၏။

ထိုင်ခုံသို့ရောက်သော် ဂျိုရှုအာသည် ယွန်းဂျောင်ဟန်၏ဘေးသို့အမြန်ဝင်ထိုင်လိုက်ကာ စကားစတော့သည်။

"ဘယ်ရောက်သွားတာလဲလို့လိုက်ကြည့်နေတာ ကြိုထိုင်‌နှင့်နေတာပေါ့"

"မင်းတို့အေးဆေးစကားပြောရအောင်လို့လေ ငါလည်းထိုင်ချင်နေတာနဲ့ မပြောပဲလာလိုက်တာ ဘာလဲ စိတ်ပူသွားတာလား"

ယွန်းဂျောင်ဟန်၏မျက်နှာလှလှနှင့် ထိုစကားတွဲလိုက်လေသော် အဓိပ္ပာယ်တစ်မျိုးတစ်မည်ဖြင့်မေးလိုက်သည်ဟုပင် ခံစားလိုက်ရလေသည်။ ငြိမ်သက်နေသောရင်အစုံသည်လည်းအခုန်မြန်သွားသယောင်။ အာစေးမိကာ စကားပင်ပြန်မပြောမိချေ။ အချိန်ကိုက်ပင် ချွဲဆွန်းချောလ်သည်လည်းရောက်လာကာ-

Hot Chocolate Where stories live. Discover now