အပိုင်း(၁၃)

188 31 0
                                    

ချွဲဆွန်းချောလ်သည် စိတ်လေသွားဟန် နား‌ထင်အားလက်ထောက်ကာ သက်ပြင်းချလိုက်မိလေသည်။ သူ့ဘေးရှိနှစ်ယောက်သည် ချစ်သူရည်းစားအစစ်မဟုတ်သော်ငြား တကယ့်ရည်းစားများအတိုင်းပင်ဖြစ်နေလေသည်။ သူဘာလို့များ အချစ်ငှက်နှစ်ကောင်ဘေးမှာထိုင်နေရတာလဲဟူသော ခံစားချက်ခါးခါးပင် ဝင်လာလေသည်။

အတန်းထဲရှိလူများအားလုံးသည်တော့ တကယ်ပင် ရည်းစားဟုလက်ခံလိုက်ကြလေသည်။ သူတို့နှစ်ယောက်ပြောနေသည့် အကြောင်းရာကိုမသိသော်ငြား သူတို့အမြင်မှာ ဂျိုရှုအာသည် ယွန်းဂျောင်ဟန်အားအသိမပေးပဲလုပ်မိသည့်အရာကြောင့် စိတ်ဆိုးခံရသည်၊ ထို့ကြောင့် စိတ်ဆိုးပြေအောင်လိုက်ချော့နေရသည်၊ ဂျိုရှုအာသိပ်ပင်မချော့လိုက်ရ ယွန်းဂျောင်ဟန်သည်စိတ်ဆိုးပြေမြန်နေသည်ဟုပင်။ သူတို့အမြင်တွင်တော့ ၎င်းတို့သည် အမှန်တကယ်ပင် အတွဲများဟုပင်။

အမှန်တကယ်တမ်းတွင်တော့ ဂျိုရှုအာနှင့် ယွန်းဂျောင်ဟန်တွဲနေကြောင်းသတင်းကြားသိကြသည့်အထဲမှ ယွန်းဂျောင်ဟန်အကြောင်းသိသူများသည် အံ့ဩနေမိကြသည်။

အကြောင်းကား ယွန်းဂျောင်ဟန်သည် မည်သည့်အခါတွင်မျှ သူငယ်ချင်းအားမတွဲဟုပြောခဲ့ဖူးသောကြောင့်ပင်။ ယခင်က သူ့အားချဉ်းကပ်ကာ သူငယ်ချင်းဖွဲ့ပြီးမှ အဆင့်တက်ရန်ကြံနေသူတစ်‌ယောက်အား ယွန်းဂျောင်ဂန်ကပြောဖူးလေသည်။

"မင်း ငါ့ရည်းစားလုပ်မှာလား သူငယ်ချင်းလုပ်မှာလား တစ်ခုပဲပြော ငါကသူငယ်ချင်းကိုမတွဲဘူး သူငယ်ချင်းတကယ်လုပ်ချင်တာဆိုရင်တော့ရတယ် ငါလက်ခံတယ် ငါ့သူငယ်ချင်းဖြစ်သွားရင်တော့ ငါ့ရည်းစားလုပ်ဖို့အိပ်မက်တောင်မမက်နဲ့"

ထိုသို့ပြောလိုက်ခြင်းသည် တဖက်မှသူအားအရှက်ရလိုစေခြင်းမဟုတ်ပေ။ ထိုအကြောင်းအား တဖက်သူမှမေးသောအခါတွင်လည်း ယွန်းဂျောင်ဟန်သည် အေးဆေးစွာပင်ပြန်‌ဖြေပေးခဲ့သည်။

"သူငယ်ချင်းဆိုတာဆက်ဆံရေးတစ်ခုကွ ငါပြောပြမယ် တကယ်လို့သူငယ်ချင်းဆိုတဲ့ဆက်ဆံရေးကကောင်းနေမှတော့ ဘာလို့ပြတ်မယ့် ရည်းစားအဆင့်ကြီးကိုသွားမလဲ ဟုတ်တယ်မလား၊ တကယ်လို့ရည်းစားဖြစ်ချင်လို့ သူငယ်ချင်းလာလုပ်တာဆိုရင်အချိန်ကုန်တယ်လေ၊ အချိန်တန်ရင်လည်းပြတ်မှာပဲကို ဘာလို့သူငယ်ချင်းတစ်ယောက်အတိုးအလျှော့လုပ်နေမှာလဲ၊ သူငယ်ချင်းဆိုတာကအမြဲရှိနိုင်ပေမယ့် ရည်းစားကတော့မဟုတ်ဘူးလေ ပြတ်သွားပြီရင် မပတ်သက်တာအကောင်းဆုံးပဲ နားလည်ပြီမလား"

Hot Chocolate Where stories live. Discover now