မိုးဖွဲလေးတွေကျလာရင် မိုးသောက်ယံကနှင်းစက်လေးတွေ ရှိနေမယ်
( ယွီလော့ချွမ်ရှ ပိုင်လုဝေ့ရှီ )
ရူဖေးမှ ဝေ့ရှီသေဆုံးကြောင်း အကြောင်းကြားစာ လက်ခံရရှိချိန်တွင် နောက်တစ်နှစ်၏ နွေရာသီပင် ရောက်နေပြီဖြစ်သည်။မေလ၏ပန်းများအပြည့် ပွင့်လန်းချိန် တောင်ပိုင်း၏ရှုခင်းများလှပသည့်မြို့ငယ်လေးတစ်ခုတွင် သူမ၏ခန္ဓာကိုယ်နှင့် အသုံးပြုနေကျပစ္စည်းလေးများကို တွေ့လိုက်ရ၏။
ရိုးရှင်းလှသည့်ခရီးဆောင်အိတ် ပန်းချီဆေးများနှင့် ပန်းချီကားဘုတ်ပြားအပြင် ဆီဆေးဖြင့်ရေးဆွဲထားသည့် 'ချောင်ယင်း' ဆိုသည့်ပန်းချီကားပေါ်မှ လင်းလော့ချွမ်၏ကြွကြွရွရွပုံရိပ်က ကံဆိုးမိုးမှောင်ကျနေမှုကြားမှ လူသားများကိုကယ်တင်ပေးနိုင်မည့် အနက်ရောင်သူရဲကောင်းလိုလို။ ဤအရာက ဝေ့ရှီ၏နောက်ဆုံးသော လက်ရာပန်းချီကားဖြစ်၏။
ရူဖေးက ဝေ့ရှီနေသွားခဲ့သည့် အေးစက်စိုစွတ်နေသည့်အခန်းငယ်လေးထဲတွင်ထိုင်ပြီး အသုံးပြုခဲ့သည့်ပစ္စည်းများကို ကြည့်ရင်း မျက်ရည်များစီးကျလာတော့သည်။
ရူဖေး အမြဲတမ်းတွေးထားခဲ့သည်က ဝေ့ရှီက အသက်ရှင်နေဆဲဖြစ်ပြီး မည်သည့်ကမ္ဘာတစ်ခုတွင်ရှင်သန်နေမှန်းမသိခြင်းသာ။ ဝေ့ရှီသေဆုံးကြောင်းသတင်းကို ကြားလိုက်ရသည့်အချိန်တွင်လည်း သူမ မသေခင်ပျော်ရွှင်သွားခဲ့လား မှန်း မသိခဲ့ပြန်။
လင်းလော့ချွမ်က နောင်တတရားများဖြင့်ထွက်သွားခဲ့ပြီး ဝေ့ရှီက သူ့အားခွင့်လွှတ်ပေးခဲ့ရှိမရှိ ၊ သူ့အား အမှန်တကယ်ချစ်ခဲ့သည်ကိုလည်း မသိသွားခဲ့ပေ။သို့သော် ဤပန်းချီကားကိုမြင်လိုက်ရသည့်အချိန်တွင်တော့ ရူဖေးသိလိုက်ရ၏။ ဝေ့ရှီ သူ့ကိုချစ်ခဲ့တယ် အရမ်းအရမ်းကိုမှချစ်ခဲ့တယ်။
ကံမကောင်းစွာဖြင့် လင်းလော့ချွမ် ထာဝရအတွက်မသိနိုင်တော့၏။
ရူဖေးက ဝေ့ရှီ၏အရိုးပြာကိုသယ်ပြီး သူမအသက်ရှိစဥ်အချိန်ကာလများ၌ ဘဝတစ်ခုလုံးစာလုံးနီးပါး ကြိုးစားရုန်းကန်ခဲ့ကြရာမြို့တော် သူတို့၏ပျော်ရွှင်စရာများ ဝမ်းနည်းစရာများ နာကျင်စရာများနှင့် အမှတ်တရများအားလုံးစုဝေးရာနေရာဆီသို့ ပြန်လာခဲ့သည်။
YOU ARE READING
Alluring [ ဘာသာပြန် ]
Romance绝色倾城 ဆိုတဲ့စကားလုံးက အရိုးရှင်းဆုံးဆိုရလျှင် 'မိန်းမောသွားလောက်တဲ့ထိစွဲလမ်းခြင်း' လို့အဓိပ္ပါယ်ရပါတယ်။လူတစ်ယောက်ကိုပဲဖြစ်ဖြစ် အရာဝတ္ထုတစ်ခုကိုပဲဖြစ်ဖြစ် မသိစိတ်ကနေရော အသိစိတ်ကပါ ရူးသွပ်သွားတဲ့အထိစွဲလမ်းခြင်းမျိုးပါ။