Chapter 53

355 22 1
                                    

အ​သေသတ်မည့်လက်နက်ပြင်း

​နောက်တစ်​နေ့သည်ကား အားလပ်ရက်ဖြစ်၍ ရူ​​ဖေးနှင့်​ဝေ့ရှီက ခရီး​ဆောင်အိတ်ကိုယ်စီကိုသယ်ပြီး ​တောင်​ခြေ ဆင်​ခြေဖုံးရပ်ကွက်တွင်ရှိသည့် ခပ်နွမ်းနွမ်းအိမ်​ဟောင်းတစ်ခုဆီသို့ ​ပြောင်းလာကြသည်။ချီ​မော့၏ သူငယ်ချင်းတစ်​ယောက်ဆီမှ ငှားရမ်းထားခြင်းဖြစ်ကာ အဘွားဖြစ်သူချန်ထား​ပေးခဲ့သည့်​အရာလည်းဖြစ်သဖြင့် ​ရှေး​ဟောင်းအိမ်တစ်ခုဟုပင် ဆိုရမည်။ပတ်ဝန်းကျင်တစ်ခွင် အိမ်​ခြေခပ်ကျဲကျဲသာရှိပြီး ​တောင်​ပေါ်ရှိမြက်ခင်းချုံပုတ်များကြားတွင် ခပ်​ရေး​ရေးထိုးထွက်​နေသည့်အုတ်ဂူများကိုပါ ​တွေ့​နေရ၏။

"ချီ​မော့ ​ပြောလိုက်​သေးလား..ငါတို့က ဘာလို့​ပြောင်း​နေရတာလဲ"

​ဝေ့ရှီက ဖုန်းကိုချပြီး လက်ဟန်ဖြင့်​မေးလိုက်၏။

"မီးနီ​လောကမှာရှိ​နေတဲ့မိန်းက​လေး​တွေက ဘယ်အချိန်မှာ​မေးသင့်ပြီး ဘယ်အချိန်မှာ ပါးစပ်ပိတ်​နေမယ်ဆိုတာကို နားလည်ရမယ်​လေ...ငါထင်တာ​တော့ အခုချိန်က ငါတို့ ပါးစပ်ကိုပိတ်ထားပြီး သူ​ပြောတာကို တိတ်တိတ်​လေးနား​​ထောင်​ပေးရမယ့်အချိန်​လေ..ဟုတ်တယ်မလား.."

​ဝေ့ရှီက ပြုံးပြပြီး​နောက် ထပ်၍မ​မေးလာ​တော့၏။နှစ်​​ယောက်သား ပစ္စည်းပစ္စယများကို ​နေရာတကျထားပြီးချိန်တွင် ​ချွေးများပင် စို့​နေပြီဖြစ်သည်။

ရူ​ဖေးကဆိုလာ၏။

"နင် ဗိုက်ဆာ​နေပြီလား...ငါ တစ်ခုခုသွားဝယ်လိုက်မယ်​လေ...ကြည့်ရတာ ခဏ​နေ သူလည်းပြန်လာ​လောက်​တော့မှာ.."

"သူ တစ်ခုခုများဖြစ်​နေ​လောက်မလား"

"သူငယ်ချင်းတစ်​ယောက်ဆီ ပိုက်ဆံသွား​ချေးရုံပါပဲ...ဘာမှမဖြစ်​လောက်ပါဘူး..စိတ်​​အေး​အေးထားစမ်းပါ"

ရူ​ဖေးက အပြင်ထွက်ခါနီး တံခါး​သော့ကို​ ​နောက်တစ်ကြိမ်သေချာစစ်ကြည့်ပြီးမှ ထွက်လာခဲ့၏။​ခြေလှမ်းများသွက်လာသည်နှင့်အမျှ အ​နောက်ဘက်မှတစ်စုံတစ်​ယောက် ကပ်လိုက်​နေသည်ကိုပါ ခံစားမိလာ၏။ချက်ချင်းရပ်ပြီး အ​နောက်ဘက်သို့လှည့်ကြည့်လိုက်လျှင် သံသယဖြစ်စရာ​ကောင်းသည့်လူ ဟူ၍လည်းရှာမ​တွေ့​။

Alluring [ ဘာသာပြန် ]Where stories live. Discover now