Chapter 24

275 23 1
                                    

သွေးသားရင်းချာများ ပြန်လည်​ပေါင်းစည်းခြင်း

မနက်ဖြန်သည်ကား နှစ်သစ်ကူး​နေ့ဖြစ်သည်။အိမ်တွင် ဘာဆိုဘာမှမဝယ်ထားရ​သေးသည်ကို သတိရပြီး ရုတ်တရက်​နောင်တရသလိုလိုဖြစ်လာ၏။မ​နေ့က ဘာ​ကြောင့် လိုအပ်သည့်အရာများကို မ​ပြောပြလိုက်ရသနည်း။

တကယ်တွင် သူမနှင့်ရူ​​ဖေး နှစ်​ယောက်စလုံး နှစ်သစ်ကူးပွဲ​တော်ကို သိပ်သ​ဘောကျသည်မျိုးမဟုတ်။မိဘမဲ့​ဂေဟာတွင် ကြီးလာရသူများအတွက် တရုတ်နှစ်သစ်ကူးပွဲ​တော်ကို သ​ဘောမကျခြင်းမှာလည်း အဆန်းမဟုတ်။အဘယ်​ကြောင့်ဆို​သော် ဤလူစည်ကားပြီး မိသားစုသိုက်သိုက်ဝန်းဝန်းနှင့်ကျင်းပသည့်ပွဲက မိမိ၏အထီးကျန်ဆန်​နေခြင်းကို ပို၍သိသာလာ​စေ​သော​ကြောင့်ဖြစ်၏။

သူမနှင့်ရွမ်​ရှောက်နန်၏ ယခင်စီစဥ်ထားသည့် နှစ်သစ်ကူးအစီအစဥ်က သူ၏မြစ်ကမ်း​ဘေးဗီလာတွင် ညစာချက်စားပြီး မီးရှူးမီးပန်း​ဖောက်ကြရန်ဖြစ်သည်။​သေချာ​ပေါက် ရူ​​ဖေးကိုလည်းဖိတ်ရမည် ထိုဗီလာဆီသို့ တစ်ခါမှမ​ရောက်ဖူး​သေးသည်မဟုတ်လား။သနားစရာ​ကောင်းစွာဖြင့် မိန်းက​လေးနှစ်​ယောက်စလုံးက စားဖွယ်​သောက်ဖွယ်ဖြစ်​အောင် မချက်ပြုတ်တတ်ကြ၊ သို့​သော်လည်း ကိစ္စမရှိ၊ အချက်အပြုတ်ရသည့် အမျိုးသမီးကြီး 'ဝမ်​စောင်' ၏လက်ရာက ကြယ်ငါးလုံးဟိုတယ်မှ စားဖိုမှူးများနှင့်ပင် ယှဥ်လို့ရသည်။သူမကိုယ်တိုင်ကလည်း ဟင်းခွက်အနည်းငယ်ချက်ပြုတ်တတ်ရန်​လေ့လာထားသဖြင့် ကူညီ​ပေးလို့ရနိုင်ပါ​သေးသည်။

နှစ်သစ်ကူးရက်ပြီးလျှင် ရွမ်​ရှောက်နန်လည်း အားလပ်ရက်အနည်းငယ်ရကာ ခရီးတို​လေးတစ်ခုထွက်နိုင်​သေးသည်။ရွမ်​ရှောက်နန်က ပင်လယ်ပြင်ကြီးကိုကြည့်​နေရခြင်းအား အလွန်သ​ဘောကျသည့်သူဖြစ်သည်။ သူမအားအမြဲ​ပြော​နေကြစကားတစ်ခွန်းက Tahiti ကျွန်းသို့ ​​ခေါ်သွားမည့်အ​ကြောင်းဖြစ်ကာ ဒီပန်းချီဆရာမဖြစ်လာမည့်သူ​လေးအား 'သုခဘုံနှင့်အနီးဆုံး​' ဟုတင်စားကြသည့်​နေရာတစ်ခုကို မြင်​တွေ့​စေချင်ပြီး ​ရွှေ​ရောင်သဲ​သောင်ပြင်များနှင့် ​တောင်ဘက်အပူပိုင်း​ဒေသ၏​နေ​ရောင်ခြည်ကိုလည်း ခံစား​စေချင်​ကြောင်းဖြစ်၏။

Alluring [ ဘာသာပြန် ]Where stories live. Discover now