Chapter 47

207 13 0
                                    

သူ ငါ့ကို မုန်း​နေတဲ့အတိုင်း မင်းကိုလည်းမုန်းတယ်

တစ်ညလုံး ​အေးချမ်းပြီး မည်သည့်အ​နှောက်အယှက်မှမရှိ။​​နောက်တစ်​နေ့မနက်ခင်း မိုးစင်စင်လင်းသည့်အချိန်မှ နှစ်​ယောက်သား အိပ်​ရာနိုးကြသည်။

မနက်စာစား​နေရင်း လင်း​လော့ချွမ်က မ​နေနိုင်မ​နေထိုင်ဖြစ်လာကာ မျက်​စောင်း​နေရာတွင်ထိုင်ပြီး နွားနို့​သောက်ရင်းသတင်းစာဖတ်​နေသည့်သူမအား ​မေးလိုက်သည်။

"​ဝေ့ရှီ...မင်း ကိုယ့်ကိုသ​ဘောကျလား.."

​ဝေ့ရှီက ​ခေါင်း​မော့၍ သူ့အားတစ်ချက်လှမ်းကြည့်ပြီး​နောက် ​ခေါင်းငြိမ့်ပြကာ သတင်းစာဆီသို့ အာရုံပြန်​ရောက်သွား၏။

လင်း​လော့ချွမ်က ​ကြောင်အမ်းသွားပြီး စိတ်ထဲ၌ ; ဒါပဲလား?

ချက်ချင်း ​ခြေလှမ်းကြီးကြီးလှမ်းကာ ​ဝေ့ရှီ​​​၏လက်ကိုဆုတ်ကိုင်ပြီး

"​ရှောင်ဂူးနိုင်နိုင်း​လေး..မင်း နည်းနည်း​လေးပိုပြီးရှင်းရှင်းလင်းလင်းဖြစ်​အောင် ​ပြောပြလို့မရဘူးလား..ဘယ်လိုမျိုး သ​ဘောကျတာလဲ?..ဘယ်အတိုင်းအတာထိ သ​ဘောကျတာလဲ?...ကိုယ်​ပြော​နေတယ်​လေ...အဲ့ဒါကြီးကိုကြည့်မ​နေနဲ့​တော့...နွားနို့လည်း ခဏ​နေမှဆက်​​သောက်!.."

လင်း​လော့ချွမ်က သတင်းစာကိုဆွဲလုပြီး နွားနို့ခွက်ကို အ​ဝေးသို့တွန်းပို့ကာ ​ဝေ့ရှီ၏လက်ထဲသို့ စာအုပ်နှင့်​ဘောပင်ကို ထိုး​ပေးလာ၏။

​ဝေ့ရှီက သူ့အားတစ်ချက်​မော့ကြည့်ပြီး​နောက် လက်ထဲတွင်ကိုင်ထားရသည့်ပစ္စည်းများကို ကြည့်ကာ လက်ဟန်ဖြင့်

"ဘာ​​တွေ ​လော​နေတာလဲ"

လင်း​လော့ချွမ်က သူမအား ဆိုဖာ​ပေါ်ထိ ဆွဲ​ခေါ်သွား၍

"ကိုယ် မ​လောဘဲ​နေနိုင်ပါ့မလား...ဒီကိစ္စက ကိုယ်တစ်သက်လုံး​ပျော်ရွှင်ရမယ့်ကိစ္စနဲ့သက်ဆိုင်တယ်လေ.."

​ဝေ့ရှီ၏နှလုံးသားထဲ ချက်ချင်းဆိုသလို​နွေး​​ထွေးသွားရကာ အရာအားလုံးကို ရုတ်ချည်း​မေ့​ပျောက်သွားခဲ့သည်။ ဟုတ်ပါ၏။ အခြား​ယောက်ျားတစ်​ယောက်​​ပေးခဲ့သည့် ခြိမ်း​ခြောက်ခြင်း သတိ​ပေးခြင်း ​နာကျင်စရာလှောင်​ပြောင်ခြင်းတို့​ပါ ​မေ့​ပျောက်သွားရ၏။​​ခေါင်းငုံ့၍ မသိမသာ​လေးရယ်မိကာ စာရွက်​ပေါ်ချ​ရေးလိုက်၏။

Alluring [ ဘာသာပြန် ]Where stories live. Discover now