အလင်းရောင်အောက်ဝင်လာပြီး ဘုရားရှင်၏အဆုံးအမကို နာယူခြင်း
"မင်းတို့အခု မြင်နေရတဲ့ပန်းချီကားက 'ထန်ခါ' လို့ခေါ်တယ်...ထန်ခေတ်က အဝတ်စပေါ်မှာဆွဲတဲ့ပန်းချီအမျိုးအစားတွေထဲကတစ်ခုပေါ့..ပန်းချီကားထဲမှာပါတာက ပျော်ရွှင်ခြင်းနတ်ဘုရားဖြစ်ပြီး အမျိုးသားတစ်ယောက်နဲ့အမျိုးသမီးတစ်ယောက်က နတ်ဘုရားရုပ်တုကိုကိုင်ထားတာတွေ့လိမ့်မယ်...အမျိုးသားကတော့ မင်ဘုရင်မင်းမြတ်ဖြစ်ပြီး အမျိုးသမီးကတော့ မင်မိဖုရားပဲ...အိန္ဒိယနိုင်ငံမှာဆို ဒီပျော်ရွှင်ခြင်းနတ်ဘုရားနဲ့ပတ်သတ်တဲ့ ဒဏ္ဍာရီတစ်ခုရှိခဲ့ဖူးတယ်..."
ပရော်ဖက်ဆာက သူ၏မျက်မှန်ကို ပင့်တင်လိုက်ပြီး ဆက်၍
"ဒဏ္ဍာရီအရဆိုရင် ဗြာဟ္မဏပုဏ္ဏားတွေကိုကိုးကွယ်တဲ့ဘုရင်တစ်ပါးက ဗုဒ္ဓဘာသာကိုးကွယ်တဲ့ရဟန်းနဲ့လူတွေကို ရက်ရက်စက်စက်မျိုးတုန်းသတ်ဖြတ်ခဲ့တာပေါ့ကွာ...မိန်းမလှလေးတွေကို သူ့လက်အောက်ကိုသိမ်းသွင်းပြီး ဘုရားရှင်ကိုလည်းဒုက္ခရောက်အောင်လုပ်ခဲ့တယ်...နောက်ဆုံး မိန်းမလှလေးရဲ့အပြောအောက်မှာ ဘုရင်ကြီးရှုံးနိမ့်သွားတော့ ဗုဒ္ဓဘာသာထဲတွင်ပြီး ဘုရားရှင်ကိုယုံကြည်ပြီးကိုးကွယ်ခဲ့တယ်..နောက်တော့ တရားပေါက်သွားပြီးတော့ နတ်ဖြစ်သွားတာပေါ့ကွာ..."
တစ်စုံတစ်ယောက်၏အသံထွက်လာ၏။
"ဒါက ချွမ်နန်းတော်ထဲက ပုံမှန်ပန်းချီမျိုးပဲမဟုတ်ဘူးလား..."
စာသင်ခန်းတစ်ခုလုံးရယ်မောသံများပြည့်သွားခဲ့သဖြင့် အသေအချာလေးအနီးကပ်အာရုံစိုက်ကြည့်လိုက်၏။
'ထန်ခါ'ပန်းချီကားပေါ်တွင် အမျိုးသားနှင့်အမျိုးသမီးက ပွေ့ဖက်၍ထိုင်နေကြသည်ဖြစ်ကာ အမျိုးသား၏ခန္ဓာကိုယ်က အမျိုးသမီး၏ခန္ဓာကိုယ်ထက် နှစ်ဆနီးပါးမျှကြီးမားနေ၏။အမျိုးသမီး၏ခါးကို တင်းတင်းကြပ်ကြပ်ပွေ့ဖက်ထားကာ ထိုအမျိုးသမီး၏ခြေထောက်များက အမျိုးသား၏ခါးတစ်ဝိုက်တင် ပတ်ထားလေ၏။ဤအနေအထားက တစ်ခုခုကိုလေ့ကျင့်နေသည်နှင့်မတူ ယောက်ျားနှင့်မိန်းမကြားရှိဖြစ်တတ်သော သဘောသဘာဝနှင့်ပို၍တူနေလေ၏။
YOU ARE READING
Alluring [ ဘာသာပြန် ]
Romance绝色倾城 ဆိုတဲ့စကားလုံးက အရိုးရှင်းဆုံးဆိုရလျှင် 'မိန်းမောသွားလောက်တဲ့ထိစွဲလမ်းခြင်း' လို့အဓိပ္ပါယ်ရပါတယ်။လူတစ်ယောက်ကိုပဲဖြစ်ဖြစ် အရာဝတ္ထုတစ်ခုကိုပဲဖြစ်ဖြစ် မသိစိတ်ကနေရော အသိစိတ်ကပါ ရူးသွပ်သွားတဲ့အထိစွဲလမ်းခြင်းမျိုးပါ။