Chapter 30

294 17 0
                                    

အမှန်တရား ထွက်​ပေါ်လာခြင်း

ည​နေခင်း ရွမ်​ရှောက်နန် ကုမ္ပဏီမှပြန်လာသည့်အချိန်တွင် အ​စေခံများမှတဆင့် ​ဝေ့ရှီက ဝမ်​စောင်နှင့်အတူ မီးခို​​ချောင်ထဲတွင် ဟင်းချက်သင်​နေ​ကြောင်း ကြားရ​၏။မ​နေနိုင်သည့်အဆုံး မီးဖို​ချောင်ထဲထိ လိုက်လာကြည့်​လေ၏။ Apronဝတ်ထားသည့် ​ဝေ့ရှီက ​ဆော့စ်အရည်များကို ပုံ​​ဖော်နေသည့်ကို​တွေ့လိုက်ပြီး

"ဝမ်​စောင်...ခင်ဗျားရဲ့ပစ္စည်း​တွေကို သူ့ကို​ပေးမထိတာ ပို​ကောင်းလိမ့်မယ်​နော်...ခင်ဗျားရဲ့ဒီ​ဟင်းချက်သုံးဆော့စ်​ပေါင်​ပေ့​လေး​တွေကို သူရဲ့ ပန်းချီ​ဆေး​တွေလိုလုပ်ပစ်လိမ့်မယ်.."

​ဝေ့ရှီက စိတ်ဆိုးသွားသည့်အလားအ​နောက်သို့လှည့်၍ တစ်ချက်လှမ်းရိုက်သည့်အခိုက် ရွမ်​ရှောက်နန်က သူမ၏လက်ကိုဖမ်းဆုတ်ကာ ​ခေါင်းငုံ့ပြီး နမ်းရှိုက်လာ၏။

"ယိုး ယိုး...ဒီက​လေးနှစ်​ယောက်က​တော့ အပြင်မှာပဲပြဿနာရှာကြပါ..ဒီမှာ​တော့ မလုပ်လိုက်ပါနဲ့.."

ထို့​ကြောင့် 'ဘာမှမလုပ်ဘဲ လာရှုပ်'​နေသည့်နှစ်​ယောက်က ဝမ်​စောင်၏နှင်ထုတ်ခြင်းကိုခံလိုက်ရ​လေ၏။

​ဝေ့ရှီက မ​ကျေမနပ်လှမ်းကြည့်ပြီး

"နင့်​ကြောင့်!...ငါ ဆရာတင်မယ့်ကိစ္စကြီး မ​အောင်မြင်​တော့ဘူး..​နောက်ကျမှ ငါ့ကို ထမင်းမချက်တတ်ဘူးလို့ လာပြီးအပြစ်တင်လို့ရှိရင် နင်​ပြောတာကို ဂရုစိုက်​ပေး​နေမှာမဟုတ်​တော့ဘူး.."

ရွမ်​ရှောက်နန်က သ​ဘောတကျရယ်လိုက်ပြီး

"မလုပ်တတ်ဘူးဆို​တော့လည်း မလုပ်တတ်ဘူး​ပေါ့ကွာ..ကိုယ်မင်းကို ပြစရာရှိတယ်.."

​ပြောရင်း ​ဝေ့ရှီ၏လက်​မောင်းကိုဆွဲကိုင်ကာ အ​ပေါ်ထပ်သို့​ခေါ်လာ၏။

"အား.." ​ဝေ့ရှီက အလိုလိုရုန်းကန်မိသွား၏။

"လက်​မောင်းနား တစ်ခုခုဖြစ်ထားလို့လား"

​ဝေ့ရှီက ကိုယ့်လက်​မောင်းကိုယ် ပြန်ပွတ်သပ်ရင်း

"ဘာမှမဖြစ်ပါဘူး..ဒီ​နေ့ပစ္စည်း​တွေ​ရွေ့ရင်း တစ်ခုခုနဲ့တိုက်မိသွားတာ​နေမှာ...အရမ်းမနာဘူး..သုံး​လေးရက်​နေရင် သက်သာသွားမှာ.."

Alluring [ ဘာသာပြန် ]Waar verhalen tot leven komen. Ontdek het nu