Chapter 19

195 16 0
                                    

ဒုက္ခတို့ အရင်းခံ

​ဝေ့ရှီက ဘာတစ်ခုမှမဝင်​ရသေး​သော အစာအိမ်​ကြောင့် နိုးလာရ၏။မျက်လုံးနှစ်လုံးကို ဖွင့်လိုက်သည့်အချိန်တွင် ​အချိန်က ​နေ့လည်ခင်းပင် ​ရောက်နှင့်​နေပြီဖြစ်သည်။တစ်ဖက်သို့လှည့်လိုက်သည့်အခိုက်တွင် ​ဘေးနားတွင်အိပ်​ပျော်​နေဆဲဖြစ်သည့် ရွမ်​ရှောက်နန်ကို ​တွေ့ရ၏။ပြတင်း​ပေါက်လိုက်ကာစတို့၏အရိပ်များကြား သူ၏အနက်​ရောင်ဆံနွယ်တို့က မျက်နှာထက်သို့ ​လျော့တိ​လျော့ရဲကျ​နေကာ မျက်ခုံး မျက်​တောင် အစိ​တ်အပိုင်းတစ်ချို့ကို ကွယ်အုပ်ထား၏။

လက်တစ်ဖက်က သူမ၏ခါးကိုဖက်ထားဆဲဖြစ်ရာ ​ဝေ့ရှီက သူ့အား မနိုးသွား​စေလိုသဖြင့် အသာအယာ​လေးသာ လှုပ်ရှားလိုက်၏။အိပ်ရာထက်တွင် ထိုင်လိုက်မိပြီး​နောက် ​ခြေဖဝါးနှစ်ဖက်က ကြမ်းပြင်နှင့်မထိရ​သေးခင် လက်​မောင်းတစ်စုံ၏ပြန်လည်​ထွေး​ပွေ့ခြင်းကို ခံလိုက်ရ၏။

ခန္ဓာကိုယ်တစ်ခုလုံး ​ခေါ်​ဆောင်ရာသို့ပါသွားခဲ့ပြီး ရွမ်​ရှောက်နန်က သူမ၏ပါးပြင်ကို ခပ်ဖွဖွနမ်းရှိုက်ရင်း ပလုံးပ​ထွေးဆိုလာ၏။

"ဘယ်သွားမလို့လဲ.."

"ဗိုက်ဆာ​နေပြီ...စားစရာတစ်ခုခု သွားရှာဝယ်မလို့...နင်​ရော ဗိုက်မဆာဘူးလား.."

သူ၏လက်​မောင်းတစ်စုံက သူမ၏ပုခုံးတဝိုက်ကို တင်းကြပ်​နေ​အောင်​ပွေ့ဖက်ပစ်လိုက်ပြီး

"မင်း မသွားရဘူး..ကိုယ်ကလည်း မင်း​ကို ပေးမသွားဘူး...​ဝေ့ရှီ...မင်း ကိုယ့်ကို ထပ်ပြီး တစ်​ယောက်ထဲပစ်မထားခဲ့ပါနဲ့.."

"ငါ မသွားပါဘူး...မသွားဘူး​နော်.."

​ဝေ့ရှီက ​ကျောဘက်တွင်ထိကပ်​နေသည့် သူ၏မျက်နှာအား လက်​နောက်ပြန်ထိ​တွေ့လိုက်ပြီးမှ ဆက်၍

"စားစရာတစ်ခုခုသွားဝယ်ရုံ​လေးပါ...​ရှောက်နန်...ငါ နင့်ကိုချစ်တယ်...ငါ့ရဲ့ခန္ဓာကိုယ်က​ရော ငါ့ရဲ့နှလုံးသားက​ရော အားလုံး နင့်ဆီမှာ​ရောက်နှင့်​နေပြီးသား​လေ..ငါ ဘယ်ကိုသွားနိုင်ဦးမှာမလို့လဲ.."

သူ၏​မေးဖျားက ​ဝေ့ရှီ၏ပုခုံးကို ပွတ်သပ်ရင်း တိုးတိုးဖျဖျ​လေးဆိုလာ၏။

Alluring [ ဘာသာပြန် ]Where stories live. Discover now